Connect with us

Asia

အိန္ဒိယနိုင်ငံဖက်က ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသ၌ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်

အိန္ဒိယနိုင်ငံဖက်က ထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသ၌ အကြမ်းဖက် ဆန္ဒပြပွဲများ ဖြစ်ပွားနေစဉ် (ဆင်ဟွာ)

စရီနာဂါ ၊ ဇူလိုင် ၂ဝ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဖက်က ထိန်းချုပ်ထားသည့် ကက်ရှ်မီးယား ဒေသ စရီနာဂါမြို့(Srinagar) ၌ ဇူလိုင်လ ၁၉ ရက်က အကြမ်းဖက် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ရာ အိန္ဒိယအစိုးရက နေဝင်မီးငြိမ်း စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန် လိုက်ကြောင်း သိရသည်။

အခင်းဖြစ်မြို့၌ ကက်ရှ်မီးယား ဒေသခံများသည် ၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၁၉ ရက်တွင် နိုင်ငံရေး ကြွေးကြော်သံ (ဆောင်ပုဒ်) များ အော်ဟစ်ကာ အကြမ်းဖက် ဆန္ဒပြကြရာ တာဝန်ရှိသူများက မျက်ရည်ယိုဗုံးများ အသုံးပြု၍ လူစုခွဲခဲ့ရကြောင်း သိရသည်။ အကြမ်းဖက် ဆန္ဒပြမှု အခြေအနေများကို ထိန်းချုပ်နိုင်ရန် အတွက် အိန္ဒိယနိုင်ငံဖက်က ထိန်းချုပ်ထားသည့် ကက်ရှ်မီးယား ဒေသကို စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်လိုက်ကြောင်း အိန္ဒိယအစိုးရ တာဝန်ရှိသူများက ပြောသည်။

အိန္ဒိယနိုင်ငံဖက်က ထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသ၌ အကြမ်းဖက် ဆန္ဒပြပွဲများ ဖြစ်ပွားနေစဉ် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံဖက်က ထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသ၌ အကြမ်းဖက် ဆန္ဒပြပွဲများ ဖြစ်ပွားနေစဉ် (ဆင်ဟွာ)
Hizbul Mujahideen စစ်သွေးကြွအဖွဲ့ဝင် အသက် ၂၂ နှစ် အရွယ်ရှိ Burhan Wani အား အိန္ဒိယ ရဲတပ်ဖွဲ့ဝင်များက ဇူလိုင်လ ၈ ရက်က ပြုလုပ်သော အကြမ်းဖက်မှု စစ်ဆင်ရေးတစ်ခု၌ သေနတ်ဖြင့် အသေပစ်သတ်လိုက်ပြီး နောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် ကက်ရှ်မီးယားဒေသခံများ အကြား နှစ်ဖက် ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.