Connect with us

Asia

တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ ပူးတွဲ ဆက်ဆံရေးရုံး မြောက်ကိုရီးယား နိုင်ငံ တွင် တရားဝင် စတင် ဖွင့်လှစ်


ဆိုးလ် ၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ တောင်-မြောက် ကိုရီးယား အတူတကွ ဆက်သွယ်မှု ဆိုင်ရာ အလုပ်ရုံး ကို မြောက်ကိုရီးယား နိုင်ငံ Kaesŏng စက်မှုဇုန် တွင် စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်း အချိန် ၌ တရားဝင် စတင် ဖွင့်လှစ် ခဲ့ပြီး ဖွင့်ပွဲ သို့ နှစ်နိုင်ငံ မှ အစိုးရ အရာရှိပေါင်း တစ်ရာကျော် ခန့် တက်ရောက် ခဲ့ကြောင်း သိရှိရသည်။

တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ ပူးတွဲ ဆက်ဆံရေးရုံး ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ ပူးတွဲ ဆက်ဆံရေးရုံး ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ ပူးတွဲ ဆက်ဆံရေးရုံး ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

သတင်းဖော်ပြချက်များအရ အခမ်းအနား တွင် မြောက်ကိုရီးယား အမိမြေ ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းရေး ကော်မရှင် ဥက္ကဋ္ဌ နှင့် တောင်ကိုရီးယား နိုင်ငံ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန ဝန်ကြီး တို့ က တက်ရောက် မိန့်ခွန်းပြောကြား ခဲ့ကြပြီး နှစ်နိုင်ငံ ပူးတွဲ ဆက်ဆံရေးရုံး လုပ်ငန်း လည်ပတ်မှု ဆိုင်ရာ သဘောတူညီမှု စာချုပ် တွင် လက်မှတ်ရေးထိုး ခဲ့ကြသည်။

ယခု နှစ် ဧပြီလ ၂၇ ရက် တွင် တောင်ကိုရီးယား နိုင်ငံ သမ္မတ နှင့် မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် တို့က Panmunjom တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး Panmunjom ကြေညာချက် အား ထုတ်ပြန်ခဲ့ကာ နှစ်နိုင်ငံ မှ အတူတကွ ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး နှင့် ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းသွားရန် သဘောတူညီခဲ့ကြသည်။ တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ ပူးတွဲ ဆက်ဆံရေးရုံး က Panmunjom ကြေညာချက် အရ သမိုင်းတစ်လျှောက် ပထမဦးဆုံး ဆောင်ရွက်ခဲ့သည့် နှစ်နိုင်ငံ ဆက်ဆံရေးရုံး ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.