Connect with us

Asia

အိန္ဒိယနိုင်ငံ ၌ ကော်ဇောစက်ရုံ အတွင်း ပေါက်ကွဲမှုကြောင့် လူ ၁၀ဦးသေဆုံး

အိန္ဒိယနိုင်ငံတွင်ယခင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အဆောက်အအုံတစ်လုံးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ် ၌ ဖေဖော်ဝါရီ ၂၃ ရက်က ကော်ဇောစက်ရုံတစ်ခု အတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၀ဦးသေဆုံးခဲ့ပြီး အခြားလူ ၆ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ပေါက်ကွဲမှုသည် ပြည်နယ်မြို့တော် Lucknow မြို့ အရှေ့တောင်ဘက် ၂၅၇ကီလိုမီတာ အကွာခန့် Bhadohi ခရိုင်ရှိ Rohta Bazaar မြို့ တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရဲအရာရှိတစ်ဦးက ၂ထပ်အဆောက်အအုံဖြစ်သော ကော်ဇောစက်ရုံ အတွင်း ဖေဖော်ဝါရီ ၂၃ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၁၀ဦးသေဆုံးပြီး အခြားလူ ၆ဦးဒဏ်ရာရရှိကြောင်း နှင့် ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ပြောကြားခဲ့သည်။

မျက်မြင်တွေ့ရှိခဲ့သူများက ပေါက်ကွဲမှုသည် အလွန်ပြင်းထန်ပြီး အဆောက်အအုံမှ အစိတ်အပိုင်းများပင် လွင့်စင်ပျက်စီးစေခဲ့ကာ အနီးရှိ နေအိမ် ၃လုံး ပျက်စီးခဲ့ကြောင်း ပြောကြားခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဒေသခံများက ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရဲတပ်ဖွဲ့ က အဆိုပါအဆောက်အအုံအတွင်း သိမ်းဆည်းထားသော မီးရှူးမီးပန်းများကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သံသယရှိနေကြောင်း သိရသည်။

သတင်းဖော်ပြချက်များအရ အဆောက်အအုံပိုင်ရှင်များသည် အဆိုပါစက်ရုံအား မီးရှူးမီးပန်းများ ထုတ်လုပ်ရန်လည်းအသုံးပြုခဲ့ကြောင်း သိရသည်။

မတော်တဆပေါက်ကွဲမှုများသည် အိန္ဒိယနိုင်ငံရှိ မီးရှူးမီးပန်း စက်ရုံများ နှင့် ဆိုင်များတွင် မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.