Connect with us

Asia

တောင်ကိုရီးယား ပြည်သူများက THAAD ဒုံးကျည်စနစ်အား ကန့်ကွက်ရာမှ ရဲတပ်ဖွဲ နှင့် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွား


ဆိုးလ် ၊ မတ် ၃၀ ရက် (ဆင်ဟွာ)

တောင်ကိုးရီးယား နိုင်ငံ မြောက် Gyeongsang ပြည်နယ် Seongju စီရင်စု ရှိ ပြည်သူများသည် မတ်လ ၂၉ ရက်နေ့တွင် THAAD (Terminal High Altitude Area Defense) ဒုံးကျည် ကာကွယ်ရေး စနစ်ဆောင်ရွက်ရန် အတွက် အသုံးပြုမည့် မြေပြင်တိုင်းတာရေးယာဉ်များ လုပ်ငန်းဆောင်ရွက်ရာ နေရာသို့ မသွားရောက်နိုင်ရန် ၃ ကြိမ် တိုင်တိုင် ကြိုးပမ်း တားဆီး ခဲ့ကြပြီး တောင်ကိုးရီးယား ရဲတပ်ဖွဲ့ နှင့် ထိပ်တိုက်ရင်ဆိုင်မှု များဖြစ်ပွား ခဲ့ကြသည်။

Seongju စီရင်စု ရှိ အရပ်ဘက် အဖွဲ့အစည်း မှ ဆင်ဟွာ သတင်းဌာန သို့ပြောကြားခဲ့ရာတွင် ဒေသစံတော်ချိန် မတ်လ ၂၉ ရက်နေ့ ည ၉ နာရီ အချိန်ထိ THAAD စနစ် ဆောင်ရွက်မည့် တည်နေရာသို့ လုပ်ငန်းဆောင်ရွက်မှု ဆိုင်ရာ ကားများသည် အတားအဆီး များကို ဖြတ်ကျော်နိုင်ခဲ့ခြင်းမရှိသေးကြောင်း ၊ ဒေသခံ ပြည်သူလူထု တို့မှလည်း ကားများဝင်ရောက်မှု မရှိစေရန် တစ်ညလုံး လမ်းကြောင်းကိုစောင့်ရှောက်ထားပြီး ကားများဝင်ရောက်ခြင်းကို တားဆီး သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

THAAD စနစ် တားဆီးရေး အရပ်ဘက် အဖွဲ့အစည်း မှ တာဝန်ရှိသူ တစ်ဦးက ဖုန်းဖြင့် ဆင်ဟွာသတင်းဌာန သို့ဆက်သွယ်ခဲ့ရာတွင် ဒုံးကျည်ကာကွယ်ရေးစနစ် အတွက် လုပ်ငန်းဆောင်ရွက်ရန် ကား ၅ စင်းသည် ယင်းနေ့ နံနက် ၊ နေ့လယ် နှင့် ညနေ ပိုင်း တို့တွင် ၃ ကြိမ် ခွဲ၍ THAAD စနစ် ထားရှိမည့် နေရာသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း ဒေသခံ ပြည်သူလူထု နှင့် ငြိမ်းချမ်းရေး လှုပ်ရှားသူများ၏ ငြိမ်သက်စွာ ပိတ်ဆို့ နေရာယူတားဆီးခြင်းကြောင်း ဝင်ရောက်နိုင်ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။

တောင်ကိုရီးယား နိုင်ငံ ပြည်သူလူထု တို့မှ THAAD စနစ် အား ဆန့်ကျင်ကြောင်း ဆန္ဒပြနေကြစဉ်(ဆင်ဟွာ)

တောင်ကိုရီးယား နိုင်ငံ ပြည်သူလူထု တို့မှ THAAD စနစ် အား ဆန့်ကျင်ကြောင်း ဆန္ဒပြနေကြစဉ်(ဆင်ဟွာ)

ဒေသခံ ပြည်သူလူထု တို့၏ ပြောကြားချက်အရ တောင်ကိုးရီးယား နိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် ရဲတပ်ဖွဲ့သုံး ဘက်စ်ကား ၁၀ စင်းကျော်ဖြင့် ရဲတပ်သား ၄၀၀ ကျော် ကို စေလွှတ်ခဲ့ကြောင်း ၊ ရဲတပ်ဖွဲ့က ပြည်သူလူထု အား တရားမဝင် ဆန္ဒထုတ်ဖော်ခြင်း ဟူသည့် အကြောင်းပြချက်ဖြင့် ထွက်ခွာရန် ပြောကြားခဲ့ကြောင်း ၊ ဒေသခံ ပြည်သူလူထု နှင့် THAAD စနစ် ဆန့်ကျင်သူများ စုစုပေါင်း ၁၅၀ ဦးခန့်သည် ” THAAD စနစ် အလိုမရှိ ၊ ငြိမ်းချမ်းရေးကိုသာအလိုရှိ” ဟူသည့် ကြွေးကြော်ချက်များဖြင့် လမ်းအလယ်တွင် နေရာယူကာ ကားများဖြင့် အတားအဆီး ပြုလုပ်၍ လမ်းကြောင်း ကို ပိတ်ဆို့ထားခဲ့ကြောင်း သိရှိရသည်။

တောင်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ ယင်းနေ့တွင် တိုင်းတာရေး ယန္တရားများ ပါရှိသည့် ကားများသည် THAAD စနစ် ထားရှိမည့် နေရာသို့သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှုများပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။

THAAD စနစ်ပယ်ဖျက်ရေး ဆောင်ရွက်မှု ကော်မတီ နှင့် အခြားအရပ်ဘက် အဖွဲ့အစည်း များက THAAD စနစ်သည် ထိရောက်မှုလုံးဝမရှိဘဲ တရားဝင်မှုလဲမရှိသည့် ဆောင်ရွက်မှု တစ်ခုဖြစ်ကြောင်း ၊ တောင်ကိုရီးယား နှင့် အမေရိကန် နှစ်နိုင်ငံ အကြား THAAD စနစ် နှင့် ပတ်သက်၍ မည်သည့် စာချုပ်မှ ချုပ်ဆိုခဲ့ခြင်း မရှိဘဲ တောင်ကိုရီးယား နိုင်ငံ အစိုးရ အနေဖြင့် အမေရိကန် တပ်ဖွဲ့အား THAAD စနစ် နေရာချထားရန် မြေနေရာ ပေးအပ်ခြင်းသည် မည်သည့် ဥပဒေ အချက်အလက် အထောက်အထားမှ မရှိကြောင်း ပြောကြား ခဲ့သည်။

တောင်ကိုရီးယား နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က ပြီးခဲ့သည့် ရက်ပိုင်းက THAAD စနစ်တွင် အသုံးပြုမည့် စက်ကိရိယာ အချို့သည် မတ်လ ၆ ရက်နေ့က တောင်ကိုရီးယား နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန် ခဲ့သည်။တောင်ကိုရီးယား နိုင်ငံ မီဒီယာ များ၏ ဖော်ပြချက်တွင် ရောက်ရှိလာသည့် စက်ကိရိယာ များအတွင်း ဒုံးကျည် ပစ်လွှတ်သည့် စင်နှစ်ခု ပါဝင်ခဲ့ပြီး အခြားအစိတ်အပိုင်းများလည်း လာမည့် လအနည်းငယ် အတွင်း ဆက်လက်ရောက်ရှိလာကြမည် ဖြစ်ပြီး အစောဆုံးအနေဖြင့် ဧပြီလ တွင် စတင် လည်ပတ်နိုင်ဖွယ်ရှိကြောင်း ဖော်ပြခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.