Connect with us

Asia

အိန္ဒိယမြောက်ပိုင်းတွင် အဆောက်အအုံပြိုကျရာ လူ၄ဦးသေဆုံးပြီး ၃၀ဦးပိတ်မိနေ

အိန္ဒိယနိုင်ငံ မြောက်ပိုင်း Kanpur မြို့ တွင်ပြိုကျခဲ့သည့် အဆောက်အဦတစ်လုံးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ်တွင် ဖေဖော်ဝါရီ ၁ရက်က ဆောက်လုပ်ဆဲ အဆောက်အဦတစ်လုံး ပြိုကျခဲ့ရာ လူ ၄ဦးထက်မနည်းသေဆုံးပြီး အခြားလူ ၁၇ဦးဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

တာဝန်ရှိသူများ၏ ပြောကြားချက်အရ ခြောက်ထပ်တိုက်အဆောက်အဦ ၏ အပျက်အစီးများကြားတွင် ပိတ်မိနေသည့် လူအယောက် ၃၀ ကို ကယ်ဆယ်ရေးသမားများက ကြိုးစားရှာဖွေနေကြကြောင်း သိရသည်။

Uttar Pradesh ပြည်နယ် မြို့တော် Lucknowမြို့ အနောက်တောင်ဘက် ၈၃ကီလိုမီတာ ခန့်အကွာ Kanpur မြို့ရှိ Jajmau ဆင်ခြေဖုံးတွင် နေ့လည်ပိုင်းက ယင်းအဆောက်အဦပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်အုပ်ချုပ်ရေးမှူး Kaushal Raj Sharma က “ဒီနေ့ နေ့လည်ပိုင်းက ဆောက်လက်စ အဆောက်အဦ ပြိုကျခဲ့တဲ့အတွက် လူအယောက် ၅၀ ပိတ်မိနေပြီး အများစု က အလုပ်သမားတွေဖြစ်ပါတယ်” ဟု ဆင်ဟွာသို့ပြောကြားခဲ့သည်။

၎င်းက “ပြိုကျမှုဖြစ်ပြီးတာနဲ့ အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကို ကယ်ဖို့အတွက် ရဲတပ်ဖွဲ့နဲ့ အခြားအဖွဲ့တွေကို စေလွှတ်ပေးခဲ့ပါတယ်။ ကယ်ဆယ်ရေးသမားတွေက လူ ၂၁ဦးကို ဒဏ်ရာရရှိနေတဲ့ အနေအထားနဲ့ ကယ်ထုတ်လာနိုင်ခဲ့ပေမယ့် လူ၄ဦးကတော့ သေဆုံးသွားခဲ့ပြီး ၁၇ဦးကိုတော့ ဆေးရုံသို့ ပို့ပေးထားပါတယ်” ဟုပြောကြားခဲ့သည်။

Sharma က ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေဆဲဖြစ်ပြီး အပြီးသတ်ဆောင်ရွက်ဖို့အတွက် နာရီပေါင်းများစွာ ကြာမြင့်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းသတင်းဋ္ဌာနများ၏ ဖော်ပြချက်အရ ပြိုကျခဲ့သည့် အဆောက်အဦအား ပြည်နယ်အတွင်းရှိ အနိုင်ရပါတီ Samajwadi ပါတီနှင့် ဆက်စပ်နေသော နိုင်ငံရေးသမား Mehtab Alab ကပိုင်ဆိုင်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က အဆိုပါဖြစ်စဉ်အား အမှုဖွင့်ခဲ့ပြီး ပြိုကျမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.