Connect with us

Asia

ပါလက်စတိုင်းသမ္မတ ဘင်္ဂလားဒေ့ရှ်သို့ သုံးရက်ကြာအလည်အပတ်ခရီးစဉ်ရောက်ရှိ

ပါလက်စတိုင်းသမ္မတ Mahmoud Abbas (ဘယ်) နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတ အဗ္ဗဒူလ် ဟာမစ် (ညာ) တို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဒါကာ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

ပါလက်စတိုင်းသမ္မတ Mahmoud Abbas သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ ၎င်း၏ ပထမဆုံးနိုင်ငံတော်ခရီးစဉ် အဖြစ် ဖေဖော်ဝါရီ ၁ရက်နေ့က ရောက်ရှိလာခဲ့ကြောင်း သိရသည်။

သမ္မတ Abbas လိုက်ပါလာသော အထူးလေယာဉ်သည် Hazarat Shahjalal အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဒေသစံတော်ချိန် ညနေ ၅နာရီတွင် ရောက်ရှိလာခဲ့ပြီး Abbas အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတ အဗ္ဗဒူလ် ဟာမစ် က လေဆိပ်တွင် ကြိုဆိုခဲ့ကြောင်း သိရသည်။

ပါလက်စတိုင်း သမ္မတအား လေဆိပ်၏ VVIP ဂိတ်ပေါက်တွင် ဂုဏ်ပြုတပ်ဖွဲ့က သေနတ် ၂၁ ချက်ပစ်ဖောက်၍ ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။

၂၀၁၆ခုနှစ် ဖေဖော်ဝါရီလကလည်း သမ္မတ Abbas သည် ဂျပန်နိုင်ငံမှ ဂျော်ဒန်နိုင်ငံသို့ သွားရောက်စဉ်အတွင်း ဒါကာမြို့တွင် ခရီးတစ်ထောက်ရပ်နားခဲ့ကြောင်း သိရသည်။

သံတမန်သတင်းရစ်မြစ်များအရ သမ္မတ Abbas၏ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်သည် ကုန်သွယ်ရေးနှင့် စီးပွားရေး ကဏ္ဍများ ကို အဓိကထား၍ နယ်ပယ်အသီးသီးတွင် ချိတ်ဆက်ဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရေးကို ပိုမိုမြှင့်တင်နိုင်ရန်ရည်ရွယ်ကြောင်း သိရသည်။

Abbas သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတ အဗ္ဗဒူလ် ဟာမစ် နှင့် အတိုက်အခံပါတီခေါင်းဆောင် တို့အား Raushan Ershad လွှတ်တော်၌ တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။

ထို့ပြင် ၎င်းသည် ဝန်ကြီးချုပ် ရှိတ်ဟာဇီနာ (Sheikh Hasina) နှင့်လည်း တရားဝင်တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

နှစ်ဖက်စလုံးသည် နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ဒေသတွင်း နှင့် နိုင်ငံတကာ အရေးကိစ္စများအား ဆွေးနွေးသွားမည့်အပြင် စိုက်ပျိုးရေး၊ စွမ်းအင် နှင့် စွမ်းရည် ဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်မှုများ၊ အနာဂါတ် စုံစမ်းစစ်ဆေးရေး လုပ်ငန်းများတွင် ပူးပေါင်းလုပ်ဆောင်ခြင်းတို့ နှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဟု ခန့်မှန်းရကြောင်း သံတမန်ရင်းမြစ်များ ကပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန အဆင့်ရှိ ပူးတွဲကော်မရှင်ဖွဲ့စည်းမှုဆိုင်ရာ နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးနိုင်ရန် နှစ်ဖက်စလုံးက မျှော်လင့်ထားကြောင်း သတင်းရင်းမြစ်များအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.