Connect with us

Asia

ပါကစ္စတန်နိုင်ငံ၏ အလိုရှိဆုံး အကြမ်းဖက်အဖွဲ့တပ်မှူးကို ကရာချိမြို့၌ အသေမိ

ပါကစ္စတန်နိုင်ငံ၏ အလိုရှိဆုံး အကြမ်းဖက်သမား Noor Mohammad alias Baba Ladla အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ် ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ၏ အလိုရှိဆုံး အကြမ်းဖက်အဖွဲ့တပ်မှူး နှင့် ၎င်း၏ နောက်လိုက် နှစ်ဦးကို စီးပွားရေးမြို့တော် ကာရာချိမြို့၌ ဖေဖော်ဝါရီလ ၂ ရက် နံနက်အစောပိုင်းတွင် ပါကစ္စတန်နိုင်ငံ အရန်တပ်ဖွဲ့က အသေ ပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။

အကြမ်းဖက်အဖွဲ့တပ်မှူး Noor Mohammad alias Baba Ladla နှင့် ၎င်း၏ နောက်လိုက်နောက်ပါ လက်နက်ကိုင်များသည် ခုခံပစ်ခတ်မှုများပြုလုပ်ခဲ့သော်လည်း ၃၅ မိနစ်ကြာဖြစ်ပွားခဲ့သော နှစ်ဖက်ပစ်ခတ်မှုအပြီးတွင် သေဆုံးသွားကြောင်း အရန်တပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် Rangers ကဆိုသည်။

အဆိုပါတိုက်ခိုက်မှုတွင် အရန်တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ “ Ladla က သိပ်ကို ရက်စက်သူပါ။ အလိုအရှိဆုံး အကြမ်းဖက်သမားတစ်ဦးပေါ့။ သူဟာ အကြမ်းဖက်မှုပေါင်း ၇၄ မှုမှာ ပါဝင်ခဲ့သူတစ်ဦးပါ” ဟု ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Ladla ၏ အနီးကပ်ဆုံး နောက်လိုက်နှစ်ဦးဖြစ်သူ Sikandar alias Sikko နှင့် Yaseen alias Mama တို့လည်း ပစ်ခတ်မှုအတွင်း သေဆုံးသွားကြောင်း နှင့် အခြား ပြစ်မှုကျူးလွန်ထားသည့် အကြမ်းဖက်သမားသုံးဦးမှာထွက်ပြေးလွတ်မြောက်သွားကြောင်း ၎င်းက ဆိုသည်။

ပါကစ္စတန်အရန်တပ်ဖွဲ့သည် အကြမ်းဖက်သမားများထံမှ လက်ပစ်ဗုံးများ နှင့် စက်သေနတ်များအပါအဝင် လက်နက် အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Ladla သည် ပါကစ္စတန်နိုင်ငံ တောင်ပိုင်း Sindh ပြည်နယ် ကရာချိမြို့အနီးတစ်ဝိုက်တွင် ပြစ်မှုပေါင်းမြောက်မြားစွာကို ကျူးလွန်ခဲ့သူတစ်ဦးဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခံရသည့် လုပ်ရပ်များတွင်လည်း နောက်ကွယ်မှ ပါဝင်ကြိုးကိုင်ခဲ့သူတစ်ဦးဖြစ်သည်။

Ladla ပါဝင်ပတ်သက်ခဲ့သော ပြစ်မှုများ၏ အသေးစိတ်အချက်အလက်များကိုလည်း တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။ Sindh ပြည်နယ်အတွင်း Ladla ၏ သတင်းပေးနိုင်သူကို ရူပီးငွေ တစ်သန်း ဆုချီးမြှင့်မည်ဟု အာဏာပိုင်းများ ကြေညာထားခဲ့ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.