Connect with us

Asia

အိန္ဒိယ မြောက်ပိုင်း၌ ဘတ်စ်ကားတိမ်းမှောက်မှုဖြစ်ပွားရာ လူ ၂၂ ဦးသေဆုံး

အိန္ဒိယနိုင်ငံ မြောက်ပိုင်း၌ ဇန်နဝါရီလ ၁၉ ရက်က တိမ်းမှောက်သွားသော ဘတ်စ်ကား တစ်စီးအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ ၊ ဇွန် ၅ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ်၌ ယနေ့(ဇွန်လ ၅ ရက်) နံနက်အစောပိုင်းတွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီးသည် ထရပ်ကားတစ်စီး နှင့် ခေါင်းချင်းဆိုင် တိုက်မှုဖြစ်ပွားပြီးနောက် တိမ်းမှောက်မီးလောင်ကျွမ်းသွားရာ ယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည် အနည်းဆုံး ၂၂ ဦး သေဆုံးပြီး အများအပြား မီးလောင်ဒဏ်ရာရသွားကြောင်း အကြီးတန်းရဲအရာရှိ တစ်ဦးက ဆိုသည်။

“ ဒေသစံတော်ချိန် နံနက် ၁ နာရီဝန်းကျင်လောက်မှာ မတော်တဆမှုဖြစ်ပွားခဲ့တာပါ။ အူထရာပရာဒက်ဒ် ပြည်နယ် Bareilly ခရိုင်က အဝေးပြေးလမ်းမပေါ်မှာ နိုင်ငံပိုင် ဘတ်စ်ကားတစ်စီးဟာ မျက်နှာချင်းဆိုင်မောင်းနှင်လာတဲ့ ထရပ်ကားတစ်စီး နဲ့ခေါင်းချင်းဆိုင် တိုက်မိခဲ့တာပါ” ဟု Bareilly ခရိုင်ရဲတပ်ဖွဲ့အကြီးအကဲ Joginder Kumar က ဆိုသည်။

ထိုသို့ခေါင်းချင်းဆိုင် ယာဉ်တိုက်မှုကြောင့် ဘတ်စ်ကားမှာ မီးစွဲလောင်သွားကြောင်း သိရသည်။ ၎င်းဘတ်စ်ကားပေါ်၌ မီးလောင်ဒဏ်ရာဖြင့် သေဆုံးနေသည့် ရုပ်အလောင်း ၂၂ ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ၊ ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း နှင့် အချို့မှာ စိုးရိမ်ဖွယ်အခြေအနေတွင် ရှိနေကြောင်း ရဲအရာရှိက ဆိုသည်။အဆိုပါ ယာဉ်မတော်တဆမှု နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် အမိန့်ပေးထားကြောင်း ၎င်းရဲအရာရှိက ဆက်လက်ပြောကြားသည်။အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားမှုအများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နေ့စဉ် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၄ဝဝ ကျော် ရှိကြောင်း စစ်တမ်းများက ဆိုသည်။ ယာဉ်မတော်တဆမှုအများစုမှာ ယာဉ်မဆင်မခြင်မောင်းနှင်မှု (သို့မဟုတ်) ယာဉ် နှင့် လမ်းများ ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းမှုတို့ကြောင့် ဖြစ်ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117