Connect with us

Asia

ပါကစ္စတန်ယာဉ်တိုက်မှု အနည်းဆုံးလူ ၅၀ အထက်သေဆုံး

ပါကစ္စတန်နိုင်ငံမှ ယာဉ်တိုက်မှုပုံ (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံမှ ယာဉ်တိုက်မှုပုံ (ဆင်ဟွာ)

အစ္စလာမ်ဘတ်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

ပါကစ္စတန် သက်ဆိုင်ရာမှ ဇန်နဝါရီလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ ခရီးသည်တင်ယာဉ် နှင့် ဆီဘောက်ဆာကား ယာဉ်တိုက်မှု ဖြစ်ပွားရာအနည်းဆုံး လူ ၅၀ ဦးအထက်သေဆုံးခဲ့ပါသည်။

ခရာချီ (Karachi) မြို့ရဲအရာရှိ၏ ပြောကြားချက်အရ ယာဉ်တိုက်မှုသည်မနက် ၂ နာရီဝန်းကျင်ခန့့် တွင်အမြန်လမ်း၌ ဖြစ်ပွားခဲ့ပြီး လက်တလော စစ်ဆေးချက်အရ ဆီတင်ယာဉ် ၏ ပေါ့ဆ မှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကယ်ဆယ်ရေးသမားများ၏ပြောကြားချက်အရ ခရီးသည်ယာဉ်တွင်ခရီးသည် ၇၀ ဦးခန့်ပါရှိပြီး အများစုသည် ယာဉ်၏ အမိုးပေါ်တွင် လိုက်ပါခဲ့သည်။ ယာဉ်တိုက် မှု ဖြစ်ပွားစဉ်တွင် အမိုးပေါ်မှလိုက်ပါလာသော ခရီသည် ၇ ဦးမှာ ခုန်ချခဲ့သဖြင့် လွှတ်မြောက်ခဲ့ကြသည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးသမားများသည် ကလေး ၁ ဦး ၊ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦးကိုသာ ကယ်တင်နိုင်ခဲ့သည်။ မျက်မြင်တွေ့ရှိသူ ပြောကြားချက်အရ မီးသတ်ကယ်ဆယ် ရေးသမားများမှာ စက်ပစ္စည်း မပြည့်စုံသဖြင့် မီးအားထိန်းချုပ်နိုင်ခြင်းမရှိသောကြောင့် ကားအတွင်းမှ လူအများ အပြားသေဆုံးခဲ့ရခြင်း ဖြစ်သည်။

ခရာချီမြို့ရှိ ဆေးရုံမှ ဆရာဝန်၏ပြောကြားချက်အရ ၅၉ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်။ လူနာ အများစုမှာ ဆေးရုံးသို့ရောက်ရှိ ချိန်တွင် မီးကျွမ်း နေသောကြောင့်မည်သူမည်ဝါ ခွဲခြားနိုင်ခြင်း မရှိတော့သဖြင့် DNA စစ်ဆေးပြီးမှသာ သိရှိနိုင်ပါမည်။

ပါကစ္စတန် သမ္မတက ယာဉ်တိုက်မှုနှင့် ပတ်သက်ပြီး ဝမ်းနည်းကြောင်းသတင်းထုတ်ပြန်ခဲ့သည်။ ပါကစ္စတန်တွင် ယာဉ်တိုက်မှု မကြာ ခဏ ဖြစ်ပွားလေ့ရှိပြီး အဓိက အကြောင်းအရင်းများမှာ ဝန်ပိုတင်ဆောင် ခြင်း ၊သတ်မှတ်မြန်နှုန်းထက် ကျော်လွန်ခြင်း၊ ယာဉ်အိုယာဉ်ဟောင်း များဖြစ်ခြင်း နှင့်လမ်းများ မကောင်းမွန်ခြင်း တိုကြောင့်ဖြစ်သည်။ (XinHua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117