Connect with us

Asia

ဒေါ်နယ်ထရမ့်က ရာသီဥတုဆိုးဝါးမှုကြောင့် DMZ (စစ်မဲ့ဇုန်) သို့သွားရောက်လည်ပတ်မည့် အစီအစဉ်အား ပယ်ဖျက်

တောင်ကိုရီးယား နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ နယ်နိမိတ်ရှိ DMZ စစ်မဲ့ဇုန်အားတွေ့ ရစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်သည် တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင် နှင့်အတူ ယနေ့နိုဝင်ဘာလ ၈ ရက်နံနက်အစောပိုင်းတွင် တောင်ကိုရီးယား နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအကြားရှိ စစ်မဲ့ဇုန်(DMZ) သို့သွားရောက်လည်ပတ်ရန် စီစဉ်ခဲ့သော်လည်း မြူနှင်းများထူထပ်စွာ ကျဆင်းပြီး ရာသီဥတုအခြေအနေဆိုးရွားနေခြင်းကြောင့် ၎င်းခရီးစဉ်အား ပယ်ဖျက်လိုက်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင်က ရဟတ်ယာဉ်ဖြင့် စတင်ထွက်ခွာခဲ့သော်လည်း ရာသီဥတုအနေခြေအနေဆိုးရွားနေသည့်အတွက် DMZ ဇုန်အနီးရှိ စစ်အခြေစိုက်စခန်း၌ ရဟတ်ယာဉ်ဆင်းသက်ခဲ့ရကြောင်း တောင်ကိုရီးယားနိုင်ငံသမ္မတအိမ်ပြာတော်မှ အမည်မဖော်လိုသူအစိုးရအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းသတင်းဌာနက သတင်းဖော်ပြခဲ့သည်။

မွန်ဂျေအင်သည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အား စောင့်ကြိုရန်အတွက် DMZ ဇုန်သို့မော်တော်ယာဉ်ဖြင့် ဦးစွာသွားရောက်ခဲ့ခြင်းဖြစ်သည်။ ရာသီဥတုအခြေအနေကြောင့် ၎င်းသည် စစ်မဲ့ဇုန်မှ နံနက် ၉ နာရီဝန်းကျင်ခန့်တွင် ထွက်ခွာခဲ့ရကြောင်း အမည်မဖော်လိုသူ အိမ်ပြာတော် အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ သတင်းက ဆိုသည်။

သမ္မတဒေါ်နယ်ထရမ့်သည်လည်း ရဟတ်ယာဉ်နှင့်သွားရောက်ရန်ဖြစ်သော်လည်း မြင်ကွင်းများ ရှင်းလင်းမှု မရှိသည့်အတွက် ၎င်း၏ Marine One ရဟတ်ယာဉ်မှာ တောင်အရပ်သို့ဦးတည်ချက် ပြောင်း မောင်းနှင်ခဲ့ရခြင်းဖြစ်သည်။အမေရိကန်နိုင်ငံခေါင်းဆောင်သည် တောင်ကိုရီးယား လွှတ်တော်တွင် မိန့်ခွန်းပြောကြားရန် စီစဉ်ထားသော်လည်း ၎င်းအစီအစဉ်အတွက် စောင့်ဆိုင်းခြင်း ရှိမရှိကို မသိရှိရကြောင်း ဒေသတွင်း မီဒီယာက ဆိုသည်။တောင်ကိုရီးယားနိုင်ငံသမ္မတ၏ အဆိုပြုချက်အရ ထရမ့် နှင့် မွန် ဂျေအင်တို့နှစ်ဦးသည် စစ်မဲ့ဇုန်အတွင်းရှိ Panmunjom ကျေးရွာသို့သွားရောက်လည်ပတ်ရန် မူလက စီစဉ်ထားသည်။အမေရိကန်သမ္မတသည် နိုဝင်ဘာ ၇ ရက်တွင် တောင်ကိုရီးယားနိုင်ငံသို့ရောက်ရှိလာခဲ့ပြီး ယင်းမှာ ဂျပန် ၊ တရုတ် ၊ ဗီယက်နမ် နှင့် ဖိလစ်ပိုင်နိုင်ငံများသို့သွားရောက်လည်ပတ်မည့် ဒေါ်နယ်ထရမ့်၏ အာရှခရီးစဉ် ဒုတိယမြောက် ခရီးတစ်ထောင့် ဝင်ရောက်သည့် နိုင်ငံဖြစ်ကြောင်း သိရသည်။(Xinhua)