Connect with us

Asia

နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ် စင်ကာပူသမ္မတ ဖိလစ်ပိုင်နိုင်ငံမနီလာမြို့သို့ရောက်ရှိလာ

ဖိလစ်ပိုင်ဂုဏ်ပြုတပ်ဖွဲ့ က စင်ကာပူနိုင်ငံသမ္မတ Halimah Yacob အားအလေးပြုနေစဉ်(ဓာတ်ပုံ-အင်တာနက်)

မနီလာ ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ)

စင်ကာပူနိုင်ငံသမ္မတ Halimah Yacob သည် စင်ကာပူ-ဖိလစ်ပိုင် သံတမန် ထူထောင်ခြင်း နှစ် ၅ဝ ပြည့် ရွှေရတုအထိမ်းအမှတ်အဖြစ် ဖိလစ်ပိုင်နိုင်ငံသို့၅ ရက်ကြာ နိုင်ငံတော်အလည်အပတ်ခရီးစဉ်ထွက်ခွာခဲ့ရာ စက်တင်ဘာ ၈ ရက်တွင် မနီလာမြို့တော်သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။

စင်ကာပူနိုင်ငံ သမ္မတ Halimah ၏ ဖိလစ်ပိုင်နိုင်ငံသို့အလည်အပတ်ခရီးစဉ်သည် ဖိလစ်ပိုင် သမ္မတဒူတာတေး၏ ဖိတ်ကြားချက် အရဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန(DFA) က ဆိုသည်။

“ စင်ကာပူသမ္မတရဲ့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်ဟာ ယခုနှစ်မှာကျရောက်မယ့် ဖိလစ်ပိုင် – စင်ကာပူ နှစ်နိုင်အကြား သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅ဝ ပြည့် အခါသမယအတွက် အမြင့်ဆုံးအောင်မြင်မှုတစ်ခုကို ဖော်ပြခြင်းဖြစ်ပါတယ်” ဟု DFAက ထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

မနီလာမြို့၌ ပြုလုပ်သည့် အခမ်းအနားများသို့တက်ရောက်ပြီးနောက်တွင် Halimah သည် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ သမ္မတဒူတာတေး၏ မွေးရပ်မြေ ဒါဗို့မြို့(Davao) သို့သွားရောက်လည်ပတ်ရန် စီစဉ်ထားကြောင်း နှင့် ယင်းခရီးစဉ်တွင် ဒူတာတေး၏ သမီးငယ် ဒါဗို ့မြို့တော်ဝန် Sara Duterta-Carpio က ကြိုဆိုနှုတ်ဆက်မည်ဖြစ်ကြောင်း သိရသည်။

Halimah သည် စင်ကာပူနိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတတစ်ဦးဖြစ်သလို ၄၇ နှစ်တာကာလအတွင်း ပထမဆုံးသော မလေးလူမျိုး နိုင်ငံ့အကြီးအကဲ တစ်ဦးဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.