Connect with us

Asia

တောင်ကိုးရီးယား နိုင်ငံ (ROK) မှ ပဲ့ထိန်း ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်

တောင်ကိုးရီးယား နိုင်ငံ မှ ဇွန်လ ၃ ရက်နေ့က စမ်းသပ် ပစ်လွှတ် ခဲ့သည့် ပဲ့ထိန်း ဒုံးကျည် ကို မြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆိုးလ် ၊ ဇွန် ၄ ရက် (ဆင်ဟွာ)

တောင်ကိုးရီးယား နိုင်ငံမှ ကိုးရီးယား ကျွန်းဆွယ် တစ်ခုလုံးကို လွှမ်းခြုံ ထားနိုင်သော ပဲ့ထိန်း ဒုံးကျည်ကို ဇွန်လ ၃ ရက်နေ့က အောင်မြင်စွာ စမ်းသပ် ပစ်လွှတ် နိုင်ခဲ့သည်။ တောင်းကိုးရီးယား နိုင်ငံ သမ္မတ ပတ်ဂွမ်ဟေး (Park Geun-hye) မှ ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုကို ကြည့်ရှု စစ်ဆေး ခဲ့သည်။

တောင်ကိုးရီးယား သတင်း ဌာန များ၏ ထုတ်ပြန်ချက်အရ တောင်ကိုးရီးယား ကာကွယ်ရေး သိပ္ပံ သုတေသန ဌာန (ADD) မှ မေလ ၃ ရက်နေ့က ChungCheong ခရိုင် တောင်ဘက် Taean စီရင်စု ရှိ ဘက်စုံ စမ်းသပ် ပစ်လွှတ် စခန်းတွင် အကွာအဝေး ၅၀၀ ကီလိုမီတာ အထက် ပစ်လွှတ် နိုင်သည့် ပဲ့ထိန်း ဒုံးကျည်နှင့် အဆင့်မြှင့်တင် ထားသော လေကြောင်း ကာကွယ်ရေး ဒုံးကျည် “ Tieying-II ” တို့ကို အောင်မြင်စွာ စမ်းသပ် ပစ်လွှတ် နိုင်ခဲ့သည်။

ထို ပဲ့ထိန်း ဒုံးကျည် များကို ယခုနှစ်ကုန်တွင် စတင်ကာ တောင်ကိုးရီးယား ကြည်းတပ် ဒုံးကျည် စခန်း များတွင် တပ်ဆင်သွားမည် ဖြစ်ပြီး တောင်ကိုးရီးယား နိုင်ငံ၏ တိုက်ခိုက်ရေး စနစ်၏ အဓိက အစိတ်အပိုင်း တစ်ခု ဖြစ်လာမည် ဖြစ်သည်။ အဆင့်မြှင့်တင် ထားသော “ Tieying-II ” ဒုံးကျည် များသည်လည်း တောင်ကိုးရီးယား နိုင်ငံ ဒုံးကျည် ကာကွယ်ရေး စနစ်၏ အရေးပါသော ကာကွယ်ရေး ဒုံးကျည် ဖြစ်လာ မည်ဖြစ်သည်။

တောင်ကိုးရီးယားနှင့် အမေရိကန်မှ ၂၀၁၂ ခုနှစ် အောက်တိုဘာလက ချုပ်ဆိုခဲ့သည့် ဒုံးကျည် ဆိုင်ရာ သဘောတူညီချက်အရ ဒုံးကျည် ပစ်လွှတ် လမ်းကြောင်း အကွာအဝေးကို ၈၀၀ ကီလိုမီတာ အထိတိုးမြှင့် ခဲ့ပြီး အကွာအဝေး ၈၀၀ ကီလိုမီတာ အောက်တွင် ဒုံးကျည် ထိပ်ဖူးကို ၁.၅ တန် အထိ တပ်ဆင် နိုင်ကြောင်း သဘောတူညီခဲ့သည်။ ထိုနောက်ပိုင်းတွင် တောင်ကိုးရီးယား နိုင်ငံမှ ဒုံးကျည် ပစ်လွှတ် လမ်းကြောင်း အကွာအဝေး ၅၀၀ ကီလိုမီတာ အထက်ရှိ ပဲ့ထိန်း ဒုံးကျည် ကို ကိုယ်တိုင် တီထွင်နိုင်ခဲ့ပြီး အောင်မြင်စွာ စမ်းသပ် ပစ်လွှတ် နိုင်ခဲ့သည်။ လက်ရှိအချိန်တွင် အကွာအဝေး ၈၀၀ ကီလိုမီတာ အထိ ပစ်လွှတ် နိုင်သော ပဲ့ထိန်း ဒုံကျည် ကိုလည်း ဆက်လက်၍ တီထွင်နေကြောင်း သိရှိရသည်။ (Xinhua)