Connect with us

Asia

အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ မှ သမိုင်းဝင် နယ်နိမိတ် လဲလှယ်ရေး စာချုပ် နှင့် ပူးပေါင်း ဆောင်ရွက်မှု စာချုပ်များ ချုပ်ဆို

အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ (ဘယ်) နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဝန်ကြီးချုပ် ရှိတ် ဟာဆီနာ (ညာ) အား ဘင်္ဂလားဒေ့ရှ် နိုင်ငံ ၏ မြို့တော် ဒါကာ တွင် မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ ၊ ဇွန် ၇ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဝန်ကြီးချုပ် ရှိတ် ဟာဆီနာ (Sheikh Hasina )သည် ဇွန်လ ၆ ရက်နေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံ သို့လာရောက် လည်ပတ်နေသော အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ (Narendra Modi) နှင့် တွေ့ဆုံခဲ့သည်။

တွေဆုံပွဲ အပြီးတွင် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဝန်ကြီး မှ နယ်နိမိတ် ဆိုင်ရာ သဘောတူညီမှု စာချုပ် အပါအဝင် သယ်ယူ ပို့ဆောင်ရေး နှင့် ကုန်သွယ်ရေး စသည့် ကဏ္ဍ များတွင် စာချုပ်များချုပ်ဆိုခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဝန်ကြီးချုပ် ရှိတ် ဟာဆီနာ မှ ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ နှစ်နိုင်ငံ နယ်နိမိတ် ပြသာနာ ကို ဖြေရှင်း နိုင်ခဲ့သည့်အတွက် အလွန်ဝမ်းမြောက် ကြောင်း ၊ သယ်ယူပို့ဆောင်ရေး နှင့် ကုန်သွယ်ရေး ဆိုင်ရာ စာချုပ်များ ချုပ်ဆို နိုင်ခဲ့သည့် အတွက် ပူးပေါင်းဆောင်ရွက်မှု ကို တိုးမြှင့် နိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အခြေခံ အဆောက်အအုံ နှင့် အခြား စီမံကိန်း များအား အထောက်အကူ ဖြစ်စေရန် အိန္ဒိယ နိုင်ငံ အနေဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အား အမေရိကန် ဒေါ်လာ ၂ ဘီလီယံ ချေးငွေ ထုတ်ချေး မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.