Connect with us

Australia / Oceania

တရုတ် ခရီးသွားများကို ဆွဲဆောင်ရန် မဲလ်ဘုန်း၏ ထိပ်တန်း နေရာများအား ပြင်ဆင်ထား

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ရှိ ကွင်းဗစ်တိုးရီးယားဈေးတွင် ဝယ်သူများဖြင့် စည်ကားနေစဉ် (ဆင်ဟွာ)

မဲလ်ဘုန်း၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

တရုတ်ခရီးသွား ပိုမို ဝင်ရောက်လာစေရန် မဲလ်ဘုန်း၏ နိုင်ငံတကာ ခရီးသွား ဆွဲဆောင်မှု အဖြစ် အကျော်ကြား ဆုံး နေရာကို ပြင်ဆင်ထားကြောင်း သိရသည်။

လတ်ဆတ်သော အစားအစာ နှင့် ဈေးဝယ်ထွက်ရန် ကောင်း၍ မဲလ်ဘုန်း မက္ကာ အဖြစ် လူသိများသော ကွင်း ဗစ်တိုးရီးယားဈေး ဝန်းကျင်တွင် အင်္ဂလိပ်စကား မပြောတတ်သော ခရီးသွားများ အတွက် ဈေးအတွင်းရှိ ဆိုင်ခန်းပေါင်း ၇၅၀ သို့ လမ်းညွှန်ထားသော တရုတ်ဘာသာဖြင့် ရေးသားထားသော ထင်ရှားသော ဆိုင်းဘုတ်များ ချိတ်ဆွဲရန် စီစဉ်ထားပါသည်။

လတ်တလောတွင်လည်း ယင်းဈေး၏ ဝန်ဆောင်မှု ဋ္ဌာန၌ တရုတ် ဘာသာစကားပြော ဝန်ထမ်းများ ခန့်ထားပြီး ဖြစ်သည်။ ကွင်း ဗစ်တိုးရီးယား ဈေးကြီးသည် ပြည်ပ ခရီးသွားများအား ဆွဲဆောင်ထားနိုင်သော ဗစ်တိုးရီးယားမြို့၏ ထိပ်တန်း ဆွဲဆောင်မှု နေရာ တစ်ခုလည်း ဖြစ်ပါသည်။

အဆိုပါဈေး၏ အမှုဆောင်အရာရှိ Jan Cochrane-Harry က ယင်းဈေးတွင် ထူးခြားသော ယဉ်ကျေးမှုဆိုင်ရာ အတွေ့အကြုံများလည်း ရရှိနိုင်သဖြင့် ခရီးသွားများ အား ဆွဲဆောင်နိုင်ခြင်း ဖြစ်ကြောင်း ပြောသည်။

ပြီးခဲ့သောနှစ်က မဲလ်ဘုန်းသို့ လာရောက် လည်ပတ်သော ကမ္ဘာလှည့် ခရီးသွား ၁.၃၅ သန်း ခန့်ရှိခဲ့သည်။

အခြားဆွဲဆောင်မှု ရှိသော နေရာများအနေဖြင့် Bourke လမ်း ဈေးတန်း ၊ စိန့် ကီလ်ဒါ ၊ ခရောင်း ကာစီနိုနှင့် မဲလ်ဘုန်း ခရစ်ကတ် ကစားကွင်း တို့လည်း ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.