Connect with us

Australia / Oceania

ရှီ နှင့် ထရမ့် အကြား ခိုင်မာသော ဆက်ဆံရေးရှိရန် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်းပြော

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် အမေရိကန်နိုင်ငံသမ္မတ ထရမ့်တို့ ဆွေးနွေးနေကြစဉ်(ဆင်ဟွာ)

ဆစ်ဒနီ ၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်တို့သည် ဧပြီလ ၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့ခြင်းအပေါ် အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် နက်ရှိုုင်းစွာ ချိတ်ဆက်ဆောင်ရွက်သွားသင့်ကြောင်း သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်းက တိုက်တွန်းပြောကြားလိုက်သည်။

ဆစ်ဒနီနည်းပညာတက္ကသိုလ်၏ သြစတြေးလျ-တရုတ် ဆက်ဆံရေးသိပ္ပံဌာန ညွှန်ကြားရေးမှူး နှင့် ယခင် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Bob Carr က ဆင်ဟွာသတင်းဌာနအားပြောကြားရာတွင် သမ္မတထရမ့်အနေဖြင့် တရုတ်နိုင်ငံနှင့် ခိုင်မာသောဆက်ဆံရေးရရှိရန် ဉာဏ်ဖြင့်ယှဉ်၍ သုံးသပ် လုပ်ဆောင်သွားရလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ ကမ္ဘာမှာ တရုတ်နိုင်ငံကို အရေးကြီးတဲ့ မိတ်ဘက်အဖြစ် ထရမ့်က ကြည့်နေပါတယ်။တရုတ်နဲ့ဆက်ဆံရေးနက်ရှိုင်းစွာ ပြုလုပ်ဖို့ရွေးချယ်တာဟာ သူ့အတွက် သိပ်ကို ကောင်းပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

သမ္မတရှီ နှင့် ထရမ့်တို့တွေ့ဆုံစဉ် တရုတ်-အမေရိကန် ဆက်ဆံရေးခိုင်မာစေရန်အတွက် အခြေခံစည်းမျဉ်းတည်ထောင်ခြင်း နှင့် လမ်းကြောင်းပုံစံများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

“ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တွေဟာ ကုန်သွယ်ရေးစစ်ပွဲ မဖြစ်ချင်ဘူးလို့ပြောနေပါတယ်။ အနာဂတ်တရုတ်နိုင်ငံရဲ့ စီးပွားရေးတံခါးဖွင့်မှုဟာ အမေရိကန်နိုင်ငံသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးမှာပါ။ ပြောရရင် မော်တော်ကားစက်ရုံတွေက အစပေါ့” ဟု Carr က ဆိုသည်။

တရုတ်နိုင်ငံ နှင့် အမေရိကန် နိုင်ငံတို့အကြား နယ်ပယ်စုံတွင် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။(Xinhua)