Connect with us

Europe

ဂရိကြွေးမြီ ကိစ္စ အိုင်အမ်အက်ဖ် ကူညီရန် အသင့်ရှိ

အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) အမှတ်တံဆိပ် (ဓာတ်ပုံ- အင်တာနက်)

ဝါရှင်တန် ၊ ဇူလိုင် ၁၃ ရက် ( ဆင်ဟွာ )

ဂရိ ကြွေးမြီကိစ္စများ နှင့်ပတ်သက်ပြီး ဖြေရှင်း အဖြေရှာရန် ဂရိအစိုးရ၊ ဥရောပ မိတ်ဖက်တို့နှင့် အတူ ပူးပေါင်း လုပ်ဆောင်ရန် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (International Monetary Fund = IMF) က အသင့် ရှိနေကြောင်း သတင်း ထုတ်ပြန်ချက်တွင် ပြောထားပါသည်။

ယူရိုဇုန် ထိပ်သီး အစည်းအဝေးတွင် ဂရိ ကိစ္စနှင့် ပတ်သက်ပြီး သဘောတူညီမှု ရရှိပြီးနောက် ရလဒ်ကို IMF အလုပ်အမှုဆောင် ဘုတ်အဖွဲ့သို့ တင်ပြခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။အဆိုပါ သဘောတူညီမှု အသစ်သည် ဂရိနိုင်ငံ၏ ကြွေးမြီ ဖိစီးခြင်း နှင့် ယူရိုဇုန်မှ ထွက်သွားခြင်းကို တားဆီးပေးနိုင် မည်ဖြစ်သည်။

ဂရိနိုင်ငံသည် အိုင်အမ်အက်ဖ်သို့ ပေးရန်ကျန်ရှိသော အကြွေး ယူရို ၂ ဘီလီယံ ရှိနေပြီး ဇွန်လ ၃၀ ရက်နေ့ ကတည်းက ချေးငွေ ပြန်ဆပ်ကာလ သက်တမ်း ကုန်ဆုံးနေတာ ဖြစ်ပါသည်။ အိုင်အမ်အက်ဖ် အမှုဆောင်အဖွဲ့ အနေနှင့် ချေးငွေ သက်တမ်းကာလ တိုးပေးရေး ဂရိနိုင်ငံ၏ တောင်းဆိုမှုအပေါ် လာမည့်တစ်ပတ် အတွင်း ဆွေးနွေး သွားရန် ရှိပါသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117