Connect with us

Europe

ယူရို ငွေကြေးဇုန် ထိပ်သီး အစည်းအဝေး မှ ဂရိ ချေးငွေ ပြသာနာ နှင့် ပတ်သက်၍ သဘောတူညီမှု ရရှိ

ဘယ်လဂျီယံ နိုင်ငံ ဘရာက်ဆဲလ် မြို့ တွင် ဇူလိုင် ၁၂ ရက်နေ့က ကျင်းပခဲ့သည့် ယူရို ငွေကြေးဇုန် ထိပ်သီး အစည်းအဝေး သို့ ဂရိ နိုင်ငံ ဝန်ကြီးချုပ် Alexis Tsipras ရောက်ရှိခဲ့စဉ်(ဆင်ဟွာ)

ဘရက်ဆဲလ် ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

ဥရောပ နိုင်ငံ များ ကောင်စီ ဥက္ကဌ Donald Tusk သည် ဇူလိုင် ၁၃ ရက်နေ့ မနက်ပိုင်း တွင် ယူရို ငွေကြေးဇုန် ထိပ်သီး အစည်းအဝေး မှ ဂရိ ချေးငွေ ပြသာနာ နှင့် ပတ်သက်၍ သဘောတူညီမှု ရရှိ ခဲ့ပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Tusk မှ သတင်းစာ ရှင်းလင်းပွဲတွင် “ယနေ့ပြုလုပ်သည့် အစည်းအဝေး ၏ အဓိက ရည်ရွယ်ချက်မှ သဘောတူညီမှု ရရှိရန် ဖြစ်ပြီး အချိန် ၁၇ နာရီ ကြာ ဆွေးနွေးခဲ့ပြီးနောက် ကျွန်တော်တို့ သဘောတူညီမှု ရရှိခဲ့တယ်” ဟုပြောကြား ခဲ့သည်။

ထို့ပြင် Tusk မှ ခေါင်းဆောင်များသည် ဥရောပ တည်ငြိမ်မှု ရရှိရေး စီမံကိန်း ပြန်လည် စတင်ရန် အခြေခံမူ အားဖြင့် သဘောတူခဲ့ပြီး ဖြစ်ကြောင်း ၊ တနည်းအားဖြင့် ဂရိ နိုင်ငံ အား ဆက်လျက်၍ ထောက်ပံ့ သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ယူရို ငွေကြေး အဖွဲ့ချုပ် ဥက္ကဌ Dijsselbloem မှ သတင်းစာ ရှင်းလင်းပွဲ တွင် အဘက်ဘက် မှ ငွေကြေး ပြသာနာ များကို ဖြေရှင်း ခဲ့ကြပြီး ဂရိ အစိုးရ အပေါ် ယုံကြည်နိုင်မှု နှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြကြောင်း ၊ ယူရို ငွေကြေး အဖွဲ့ချုပ် မှ အသွင်ကူးပြောင်းရေး ဆိုင်ရာ ငွေကြေး ထောက်ပံ့မှု များနှင့် ပတ်သက်၍ မကြာမှီ ဆွေးနွေးမှု များပြုလုပ် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

နောက်တကြိမ် ဆွေးနွေးပွဲ ပြုလုပ်ရန် အတွက် ဂရိ နိုင်ငံ နှင့် အချို့ နိုင်ငံ များသည် ဇူလိုင် ၁၄ ရက် နှင့် ၁၅ ရက် မတိုင်မှီ ယခု ရရှိခဲ့သည့် သဘောတူညီမှု နှင့် ပတ်သက်သည့် အတည်ပြုချက်များကို သက်ဆိုင်ရာ နိုင်ငံ လွှတ်တော် မှ ရရှိရန်လိုအပ်ကြောင်း သိရှိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117