Connect with us

Europe

ဂျာမနီတွင် ရေနံသန့်စင်စက်ရုံ ပေါက်ကွဲမှုကြောင့် လူအများအပြား ဒဏ်ရာရရှိ

ဂျာမနီနိုင်ငံ Vohburg မြို့ စက်တင်ဘာ ၁ရက်ကပေါက်ကွဲခဲ့သည့်ရေနံသန့်စင်စက်ရုံအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘာလင်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ Vohburg မြို့ ရှိ ရေနံသန့်စင်စက်ရုံတစ်ခုတွင် စက်တင်ဘာ ၁ ရက် က ပေါက်ကွဲမှုတစ်ခု နှင့် နောက်ဆက်တွဲမီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာတစ်ခုကဖော်ပြခဲ့သည်။

German Press Agency (DPA)က စက်တင်ဘာ ၁ရက်တွင် မီးခိုးလုံးကြီးများကြောင်း ဒေသခံ ၂,၀၀၀ခန့်ကို ယာယီနေရာရွှေ့ပြောင်းပေးခဲ့ပြီး ဘေးအန္တရာယ်ကင်းရှင်းကြောင်း လေထုတိုင်းတာချက်ရရှိပြီးနောက် ၎င်းတို့၏ နေအိမ်များသို့ ပြန်ခွင့်ပြုခဲ့ကြောင်း ဖော်ပြခဲ့သည်။ဂျာမနီသတင်းဌာနဖြစ်သည့် DW က လူ ၄ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။Bayernoil ကုမ္ပဏီ ရှိ လုပ်ငန်းခွင်တစ်ခု၌ စက်တင်ဘာ ၁ရက် နံနက်အစောပိုင်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အသေးစိတ်အချက်အလက်များကို မသိရှိရသေးကြောင်း သိရသည်။ ပေါက်ကွဲမှုကြောင့် ဆိုးရွားစွာပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံအာဏာပိုင်များ၏ပြောကြားချက်ကို ကိုးကား၍ DW ကဖော်ပြခဲ့သည်။ (Xinhua)