Connect with us

Europe

ရီယို အိုလံပစ် ဥယျာဉ် ၉၈ ရာခိုင်နှုန်း ပြီးစီး

Rio 2016 အိုလံပစ် အားကစား လာဘ်ကောင်ရုပ်အား မိုးပျံ ကြိုးရထားအား တွေ့ရစဉ် (ဆင်ဟွာ)

ရီယို ဒီ ဂျန်နေးရိုး၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

တောင် အမေရိကတိုက်၏ ပထမဆုံး အိုလံပစ် အားကစားပွဲစဉ်များ ကျင်းပရန် လေးလ အလိုတွင် ဘရာဇီးနိုင်ငံ ရီယို ဒီ ဂျန်နေးရိုးရှိ အိုလံပစ် ဥယျာဉ်မှာ အဆင်သင့်နီးပါး ဖြစ်နေပြီ ဖြစ်ကြောင်း အိုလံပစ် ကုမ္ပဏီ မြူနီစီပယ် ပရောဂျက် ညွှန်ကြားရေးမှူး ရောဘတ်တို အိန်ဘင်ဒါ (Roberto Ainbinder) က ဧပြီလ ၁ ရက်က ပြောသည်။

ပြည်ပ သတင်းထောက်များနှင့်အတူ ထိုဥယျာဉ်အတွင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အိန်ဘင်ဒါက ဆောက်လုပ်ရေး လုပ်ငန်းများမှာ ၉၈ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

Barra da Tujica ဒေသ၌ တည်ရှိသော အိုလံပစ် ဥယျာဉ် (Olympic Park) သည် ဧရိယာ ၁.၁၈ သန်း စတု ရန်းမီတာကျယ်ဝန်းပြီး Cariocas အားကစားကွင်း၊ ဘက်စကက်ဘော ပွဲစဉ်နှင့် မသန်စွမ်း အားကစားပွဲများ ကျင်း ပနိုင်မည့် အားကစားကွင်း၊ Aquatic အားကစားရုံ၊ ပြိုင်ဘီး အားကစားရုံ၊ တင်းနစ် စင်တာ၊ မီဒီယာ စင်တာနှင့် နိုင်ငံတကာ အသံလွှင့်စင်တာ စသည်တို့ ပါဝင်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.