Connect with us

Europe

ခရစ္စမတ် သစ်ပင်ပေါ်၌ မြွေတွေ့သဖြင့် ထိတ်လန့်သွားခဲ့သည့် သြစတြေးလျ အမျိုးသမီး တစ်ဦး

ခရစ္စမတ် သစ်ပင်ပေါ်ရှိ အလှဆင် ပစ္စည်းများအကြား ရောက်နေသည့် မြွေအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကန်ဘာရာ၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံတွင် ပွဲတော်အချိန်အတွင်း ခရစ္စမတ် သစ်ပင်များ၌ မီးလုံးများ၊ အဆင်တန်ဆာများနှင့် အခြား အလှဆင် ပစ္စည်းများဖြင့် ပြင်ဆင်ထားကြပြီး အမျိုးသမီး တစ်ဦးမှာမူ ၎င်း၏ ခရစ္စမတ် သစ်ပင် အလှဆင် ပစ္စည်းများအကြား မြွေ တစ်ကောင်အား တွေ့ရှိခဲ့သဖြင့် ထိတ်လန့် တုန်လှုပ်ခဲ့ရကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၈ ရက် ညနေပိုင်းက ခန္ဓာကိုယ်ပေါ်၌ အစက်အပြောက်များ ပါဝင်သည့် မြွေ တစ်ကောင်သည် မယ်လ်ဘုန်းမြို့ရှိ ယင်း အမျိုးသမီး၏ နေအိမ်၌ ခရစ္စမတ် သစ်ပင်ပေါ်တွင် ဝင်ခွေနေသည်ကို တွေ့ရှိခဲ့ပြီးနောက် မြွေဖမ်း ကျွမ်းကျင်သူ Barry Goldsmith ကို ဖုန်းဆက်ခေါ်ယူကာ ဖယ်ရှားခဲ့ရသည်။

Goldsmith က ယင်း ဓာတ်ပုံအား လူမှုကွန်ရက်ပေါ်သို့ ညတွင်းချင်း တင်ခဲ့ကြောင်း ABC အသံလွှင့်ဋ္ဌာနအား ပြောကြားခဲ့သည်။

“ခရစ္စမတ် သစ်ပင်တွေရဲ့ အောက်ခြေမှာထားတဲ့ လက်ဆောင် ပစ္စည်းတွေကြားထဲမှာ မြွေတွေ တွေ့ခဲ့ဘူးပါတယ်၊ ဒါပေမဲံ အခုလို ခရစ္စမတ် သစ်ပင်ရဲ့ အပေါ် အတွင်းပိုင်းမှာတော့ တစ်ခါမှ မတွေ့ခဲ့ဖူးဘူး” ဟု Goldsmith က ဒီဇင်ဘာလ ၁၉ ရက်က ပြောသည်။

သြစတြေးလျနိုင်ငံသားများအနေဖြင့် မိမိ၏ နေအိမ်အတွင်း၌ မြွေများ တွေ့ရှိခဲ့ပါက ၎င်းတို့အား ထိခိုက်နာကျင်စေခြင်း၊ ရန်စခြင်းများ မပြုလုပ်သင့်ဘဲ လိုင်စင်ရ မြွေဖမ်းသူများကိုသာ ဖုန်းဆက် ခေါ်ယူခြင်းကသာ အကောင်းဆုံး ဖြစ်ကြောင်း Goldsmith က အကြံပြုထားသည်။

မြွေ၏ သဘာဝအရ တစ်စုံတစ်ဦးက ၎င်းတို့အား ထိခိုက်နာကျင်အောင် ပြုမူမှသာ အန္တရာယ်ရှိသော တိရစ္ဆာန်အဖြစ် ပြောင်းလဲသွားတတ်သည်ဟုဆိုသည်။

Goldsmith ၏ အဆိုအရ ခရစ္စမတ် သစ်ပင်ပေါ်၌ တွေ့ရှိခဲ့သည့် မြွေအား ဖယ်ရှားကာ အနီးရှိ ချုံပုတ်အတွင်းသို့ လွှတ်ပေးလိုက်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.