Connect with us

Europe

ဟစ်တလာ မွေးဖွားခဲ့သည့် နေအိမ်အား လူမှုကူညီရေးအဖွဲ့အစည်းအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သြစတြီးယား တာဝန်ရှိသူများပြောကြား

သြစတြီးယားနိုင်ငံ ရှိ ဟစ်တလာ မွေးဖွားခဲ့သည့် နေအိမ်အား တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်နာ၊ ဒီဇင်ဘာ ၁၈ရက် (ဆင်ဟွာ)

နာဇီခေါင်းဆောင် အဒေါ့ဖ် ဟစ်တလာ အားမွေးဖွားခဲ့သည့် သြစတြီးယားနိုင်ငံမှ နေအိမ်တစ်လုံးအား ဖြိုဖျက်သွားမည်မဟုတ်ဘဲ လူမှုကူညီရေး ပရဟိတ အဖွဲ့အစည်းတစ်ခုအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာ၁၅ရက်က အတည်ပြုခဲ့ကြသည်။

သြစတြီးယားနိုင်ငံပြည်ထဲရေးဝန်ကြီး Wolfgang Sobotka၊ သြစတြီးယားနိုင်ငံ အထက်ပိုင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Josef Puhringer နှင့် ဟစ်တလာနေအိမ်တည်ရှိရာ Braunau am Inn မြို့တော်ဝန် Johannes Waidbacher တို့ အစည်းအဝေးပြုလုပ်ပြီးနောက် အဆိုပါ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။

Braunau am Inn မြို့ရှိ ယင်းအဆောက်အအုံအား လက်ရှိပိုင်ရှင်ထံမှ သိမ်းဆည်းရန် အစိုးရအဖွဲ့က ဒီဇင်ဘာ ၁၄ရက်တွင် အတည်ပြုပေးပြီးနောက် အစည်းအဝေးကျင်းပခဲ့ခြင်းဖြစ်သည်။အဆိုပါ အဆောက်အအုံအား ၂၀၁၁ခုနှစ်မတိုင်ခင်အထိ သြစတြီးယား အထက်ပိုင်း လူမှုကူညီရေး ပရဟိတ အဖွဲ့အစည်း က နေ့ကလေးထိန်းကျောင်းအဖြစ် အသုံးပြုခဲ့ပြီးနောက် ဆက်လက် အသုံးမပြုခြင်းမရှိတော့၍ အိမ်အလွတ်အတိုင်းရှိနေကြောင်း သိရသည်။ယင်းအဆောက်အအုံအား လူမှုအဖွဲ့အစည်းအတွက် နှစ်ပေါင်းများစွာ အသုံးပြုခဲ့ပြီး ဘဝနေထိုင်မှု အထောက်အပံ့ အမှတ်သင်္ကေတတစ်ခုဖြစ်ကြောင်း၊ ဖက်ဆစ်နာဇီတို့၏ သားကောင်ဖြစ်ခဲ့ရသူများအား အောက်မေ့သတိရစေမည့် အဆောက်အအုံတစ်ခုဖြစ်ကြောင်း နှင့် ဟစ်တလာကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို ဆန်ကျင့်သည့် ရှင်းလင်းသော သင်္ကေတတစ်ခုဖြစ်ကြောင်း အကြီးအကဲ သုံးဦးက လက်ခံသဘောတူခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.