Connect with us

Europe

အနောက်တိုင်း နိုင်ငံ များ၏ စစ်ရေး ဆောင်ရွက်မှုကြောင့် ဒုက္ခသည် အခက်အခဲများ ရင်ဆိုင်ခဲ့ရကြောင်း အီတလီ နိုင်ငံ ကဏ္ဍ အသီးသီးရှိ ပညာရှင်များမှ ဝေဖန်ပြောကြား

အီတလီ နိုင်ငံ ဝန်ကြီးချုပ် Matteo Renzi အား အီတလီ နိုင်ငံ လွှတ်တော်အတွင်း မိန့်ခွန်း ပြောကြား နေစဉ် (ဆင်ဟွာ)

ရိုးမား ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

အီတလီ နိုင်ငံမှ အရေးပါသော နိုင်ငံရေးသမား များနှင့် မီဒီယာ များမှ လက်တလော ရက်ပိုင်းတွင် ရင်ဆိုင်နေရ သော ဒုက္ခသည် ဝင်ရောက်မှု အခက်အခဲသည် အနောက်တိုင်း နိုင်ငံ များမှ အနောက်အာရှနှင့် မြောက်အာဖရိက ဒေသ များတွင် ဆောင်ရွက်ခဲ့သည့် စစ်ရေးလှုပ်ရှားမှု၏ ဆိုးရွားသည့် အကျိုးဆက် ဖြစ်ကြောင်း ဝေဖန်ခဲ့ကြပြီး ဥရောပ နိုင်ငံ များအနေဖြင့်လည်း အနာဂတ်တွင် ဖြစ်ပွားလာမည့် အကျိုးဆက် အပေါ် ကိုင်တွယ်မှု အားနည်းသည့် မူဝါဒကြောင့် ယခုကဲ့သို့ ရင်ဆိုင်နေရခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အီတလီ နိုင်ငံ ဝန်ကြီးချုပ် Matteo Renzi မှ ယခု ရက်ပိုင်းအတွင်း ဥရောပ ထိပ်သီး မီဒီယာများ ထံသို့ ပေးပို့ ခဲ့သည့် အိပ်ဖွင့်ပေးစာ အတွင်း ယခု ဖြစ်ပေါ်နေသော ဒုက္ခသည် ဝင်ရောက်မှု အခက်အခဲသည် အနောက်တိုင်း နိုင်ငံများမှ လစ်ဗျားနှင့် ဆီးရီးယား၏ အနာဂတ် အစီအစဉ်အား ပေါ့လျော့စွာ စီမံခဲ့ခြင်းနှင့် အနောက်တိုင်း နိုင်ငံများ အနေဖြင့် ထိုဒေသ အနာဂတ်အတွက် ၎င်းတို့၏ ဆောင်ရွက်နိုင်မှု အား အထင်ကြီး ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း တရားဝင် ပေးပို့ ခဲ့သည်။

Renzi မှ EU အဖွဲ့အစည်း အနေဖြင့် အနာဂတ် အား ပိုမို တွေးမြင် နိုင်သော မူဝါဒ တစ်ရပ် လိုအပ်ကြောင်း ၊ ထိုမှ သာလျှင် ယခု EU နိုင်ငံများ ရင်ဆိုင်နေရသော အခက်အခဲကို ဖြေရှင်း နိုင်မည်ဖြစ်ကြောင်း ၊ လက်ရှိ ဒုက္ခသည် ပြဿနာသည် EU နိုင်ငံ များအား အခက်အခဲ လမ်းဆုံသို့ ရောက်အောင်တွန်းပို့ခဲ့ပြီး အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် အရေးပါသော ဆောင်ရွက်မှုများနှင့် တူညီသော အနာဂတ် သုံးသပ်မှု မူဝါဒ မချမှတ် နိုင်ပါက ဤ အဖွဲ့အစည်း ဆက်လက် တည်ရှိနေရန် အကြောင်း ပြချက် မရှိတော့ကြောင်း ပြောကြား ခဲ့သည်။

အီတလီ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Franco Frattini မှ အနောက်တိုင်း နိုင်ငံများ၏ လစ်ဗျား မူဝါဒတွင် အနာဂတ် တွေးမြင်မှု အားနည်းသည့် မူဝါဒ သည့် ဆိုးရွားသည့် အမှားတစ်ခု ဖြစ်ခဲ့ကြောင်း ၊ ထိုဒေသ အား တိုက်ခိုက်ပြီး ထွက်ခွာ သွားခြင်းကြောင့် လစ်ဗျား အား ယခုကဲ့သို့ အခက်အခဲမျိုး ဖြစ်ပွားစေခဲ့ကြောင်း ၊ လက်ရှိချိန်တွင် လစ်ဗျား အတွင်းရှိ ဒေသတွင်း လက်နက်ကိုင်များသည် “IS” တပ်ဖွဲ့ နှင့် ပူးပေါင်း လိုက်သောကြောင့် ပိုမို ဆိုးရွားသည့် ပြည်တွင်းစစ် ဖြစ်ပွားစေခဲ့ပြီး ဥရောပ နိုင်ငံ များ၏ လုံခြုံရေး ကိုလည်း ခြိမ်းခြောက်မှု ဖြစ်ပေါ်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။

အီတလီ ဝါရင့် သတင်းစာ ဆရာ ရှီဆစ် မှ ယခု ဖြစ်ပွားနေသော အခက်အခဲသည် ဥရောပ နိုင်ငံ အချင်းချင်း စိတ်ဝမ်းကွဲမှု ဖြစ်ပွားစေခဲ့ပြီး ထိုဒုက္ခသည် များအနေဖြင့် ဒုစရိုက် သမားများ၏ လက်အောက်တွင် ပိုမို ဆိုးရွားသည့် ကံကြမ္မာ များနှင့် ကြုံတွေ့နိုင်ကြောင်း ၊ ယခု ကိစ္စ နှင့် ပတ်သက်၍ ဥရောပ နိုင်ငံ များ၏ ဆောင်ရွက်မှု နှေးကွေး နေခြင်း နှင့် အပြန်အလှန် ပဋိပက္ခ ဖြစ်စေသော ဆောင်ရွက်မှု များသည် ယခု ပြဿနာ ကို ပိုမို ဆိုးရွား စေခဲ့ကြောင်း ၊ အမေရိကန် အနေဖြင့် အရှေ့အလယ်ပိုင်း ဆောင်ရွက်မှု မူဝါဒ ကျရှုံးခြင်းကြောင့် ဥရောပ နိုင်ငံများ အနေဖြင့် ဒုက္ခသည် ပြဿနာ အပေါ် တူညီသော မူဝါဒ အသစ် တစ်ခု အား ပြောင်းလဲ ချမှတ်ရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)