Connect with us

Europe

မန်ချက်စတာ လေဆိပ် တွင် လက်ဆွဲအိတ်ဖြင့် ပိုက်ဗုံးတစ်လုံးအား သယ်ဆောင်လာသူ အမျိုးသား ကို သြဂုတ် ၂၃ ရက်တွင် ထောင်ဒဏ် ၁၈နှစ်

ပိုက်ဗုံး ယူဆောင်လာသူ Nadeen Muhammad အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လန်ဒန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

မန်ချက်စတာ လေဆိပ် တွင် လက်ဆွဲအိတ်ဖြင့် ပိုက်ဗုံးတစ်လုံးအား သယ်ဆောင်လာသူ အမျိုးသား ကို သြဂုတ် ၂၃ ရက်တွင် ထောင်ဒဏ် ၁၈နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

Nadeen Muhammad အမည်ရှိ ၄၃နှစ်အရွယ် အမျိုးသား သည် အသက်အန္တရာယ်ခြိမ်းခြောက်ရန် ရည်ရွယ်ချက်ဖြင့် ဖောက်ခွဲရေးပစ္စည်းတစ်ခုအား ကိုင်ဆောင်ထားသည့် ပြစ်မှုအား ကျူးလွန်ခဲ့ပြီး သြဂုတ်လအစောပိုင်းတွင် တရားရင်ဆိုင်ရာ၌ ပြစ်မှုထင်ရှားကြောင်းတွေ့ရှိရ၍ ၎င်းအား မန်ချက်စတာအထက်တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းပိုက်ဗုံးအား တိတ်ခွေများ၊ ဘက်ထရီများ၊ ဘောပင်ပြွန်ချောင်းတစ်ခု၊ ပင်အပ်များ နှင့် ဝါယာကြိုးများ ဖြင့် ပြုလုပ်ထားကြောင်း သတင်းများ၌ဖော်ပြခဲ့သည်။

Muhammad ဘိုးရင်း ၇၃၇လေယာဉ်ပေါ်သို့ မတက်ခင် ၎င်း၏ လက်ဆွဲအိတ်အား x-ray စက်ဖြင့် စစ်ဆေးစဉ် ဗုံးအားတွေ့ရှိခဲ့ပြီး ၎င်းအား လေဆိပ်လုံခြုံရေးများက ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ယင်း ပစ္စည်းအား စစ်ဆေးမှုများပြုလုပ်ပြီးနောက် ၎င်းအတွင်း၌ ဓါတုဗေဒဓါတ်ပစ္စည်းများ ဖြစ်သည့် nitroglycerin နှင့် nitrocellulose တို့ကိုတွေ့ရှိခဲ့ပြီး အီတလီရှိ Muhammad၏ နေအိမ်အား ဆက်လက် ရှာဖွေခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.