Connect with us

Europe

ဂျာမနီ ကာကွယ်ရေး ဝန်ကြီး က ဒေါ်နယ်ထရမ့် ၏ “ဂျာမဏီ က နေတိုး ကို ငွေကြေး ပေးရန် ကျန်ရှိတယ်” ဟူသည့် ပြောဆိုမှု အပေါ် ပြန်လည် တုန့်ပြန်

ဂျာမနီ ကာကွယ်ရေး ဝန်ကြီး Ursula von der Leyen အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘာလင် ၊ မတ် ၂၀ ရက် (ဆင်ဟွာ)

ဂျာမနီ နိုင်ငံ သတင်းမီဒီယာ များ၏ မတ်လ ၁၉ ရက်နေ့က သတင်းဖော်ပြချက်များအရ ဂျာမနီ ကာကွယ်ရေး ဝန်ကြီး Ursula von der Leyen သည် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် မှ ပြောဆိုခဲ့သော ဂျာမဏီ နိုင်ငံ သည် နေတိုး တပ်ဖွဲ့ကို ပေးဆပ်ရန် ကြီးမားသော ငွေကြေး အကြွေး တစ်ရပ် ရှိသည် ဟူသော ပြောဆိုမှု အပေါ် ပြန်လည် ချေပ ပြောဆိုခဲ့ပြီး ဒေါ်နယ်ထရမ့် သည် မှားယွင်းသော အပြောအဆိုများကို ပြောဆိုခဲ့သည် ဟု ပြန်လည်ပြောကြား ခဲ့ကြောင်း သိရှိရသည်။

ဒေါ်နယ်ထရမ့် သည် မတ်လ ၁၈ ရက်နေ့က လူမှုကွန်ရက် စာမျက်နှာတွင် ဂျာမနီ သည် နေတိုး တပ်ဖွဲ့ ကို ကြီးမားသော ငွေကြေး အကြွေး တစ်ရပ် ပေးအပ်ရန်ကျန်ရှိပြီး အမေရိကန် နိုင်ငံ သည် ဂျာမနီ အား ကြီးမား ပြီး အလွန် တန်ဖိုးကြီးမားသော အကာအကွယ် ပေးခဲ့သဖြင့် ငွေကြေးပြန်လည် ရရှိသင့်ကြောင်း ပြောကြား ခဲ့သည်။

Leyen က နေတို တပ်ဖွဲ့ တွင် အကြွေးစာရင်း ဟူသည့် အရာမရှိကြောင်း ၊ ဂျာမနီ နိုင်ငံ အနေဖြင့် နိုင်ငံတော် ကာကွယ်ရေး အသုံးစရိတ်ကို နိုင်ငံ GDP ၏ ၂ ရာခိုင်နှုန်း ရောက်ရှိအောင် အသုံးပြုပေးမည် ဟု ကတိပြုခဲ့ကြောင်း ၊ သို့သော် ထို ဘတ်ဂျတ် အား နေတိုး တပ်ဖွဲ့ နှင့် ဆက်စပ် တွေးခေါ်ခြင်းသည် မှားယွင်းသော အယူအဆ ဖြစ်ကြောင်း ၊ ဂျာမနီ နိုင်ငံ ၏ ကာကွယ်ရေး အသုံးစရိတ် သည် ကုလသမဂ္ဂ နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု စစ်ဆင်ရေး နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး စသည့် ကဏ္ဍ များအတွက် လည်း ပါဝင်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Leyen က ခေတ်မီ လုံခြုံရေး အတွေးအခေါ် တည်ဆောက်ရာတွင် နေတိုး တပ်ဖွဲ့ တစ်ခုတည်း ကိုသာ တည်ဆောင်ခြင်း မဟုတ်ဘဲ ဥရောပ လုံခြုံရေးဆိုင်ရာ မဟာမိတ် ကိုလည်း တည်ဆောက်ရမည် ဖြစ်ကြောင်း ၊ IS အကြမ်းဖက် အဖွဲ့ ကို တိုက်ဖျက် သည့် လုပ်ငန်းစဉ် အတွက် ကုန်ကျသည့် အသုံးစရိတ်များကို နိုင်ငံတိုင်းမှ ခွဲဝေ တာဝန်ယူသင့်ကြောင်း ကိုလည်း ပြောကြား ခဲ့သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာ လ တွင် နေတိုး အဖွဲ့ဝင် နိုင်ငံ များသည် ဗြိတိန် နိုင်ငံ တွင် ထိပ်တီး အစည်းအဝေး တစ်ရပ် ကျင်းပ ခဲ့ပြီး အဖွဲ့ဝင် နိုင်ငံ များအနေဖြင့် နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်ကို နိုင်ငံ GDP ၏ ၂ ရာခိုင်နှုန်း အထိ အသုံးပြုသွားရန် သတ်မှတ် ခဲ့ကြသည်။ လက်ရှိချိန်တွင် အမေရိကန် နိုင်ငံ အပါအဝင် နိုင်ငံ ၅ နိုင်ငံ သာ ထိုသတ်မှတ် ချက်ကို ဆောင်ရွက်နိုင်ခဲ့ကြပြီး ဂျာမနီ နိုင်ငံ ၏ ၂၀၁၆ ခုနှစ် ကာကွယ်ရေး အသုံးစရိတ် သည် နိုင်ငံ GDP ၏ ၁.၆ ရာခိုင်နှုန်း သာရှိကြောင်း သိရှိရသည်။

ဂျာမဏီ နိုင်ငံ အနေဖြင့် ၂၀၂၄ ခုနှစ်တွင် နိုင်ငံတော် ကာကွယ်ရေး အသုံးစရိတ် ကို နိုင်ငံ GDP ၏ ၂ ရာခိုင်နှုန်း ရောက်ရှိအောင် ဆောင်ရွက်မည်ကို ဝန်ကြီးချုပ်က အကြိမ်ကြိမ် ပြောကြားခဲ့သလို ယခု လ ၁၇ ရက်နေ့က ဒေါ်နယ်ထရမ့် နှင့် တွေ့ဆုံခဲ့စဉ်တွင်လည်း ပြောကြားခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.