Connect with us

Europe

UEFA စူပါဖလား အတွက် ရီယဲလ်မက်ဒရစ် နှင့် မန်ချက်စတာ ယူနိုက်တက် အသင်း တို့ မက်ဆီဒိုးနီးယား၌ ယှဉ်ပြိုင်မည်

UEFA စူပါကပ် ပြိုင်ပွဲဝင်မည့် မန်ချက်စတာယူနိုက်တက် အသင်း ကြော်ငြာပိုစတာအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

SKOPJE၊သြဂုတ် ၈ ရက်(ဆင်ဟွာ)

ရီယဲလ်မက်ဒရစ် အသင်း နှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့သည် UEFA Super Cup ဖလားယှဉ်ပြိုင်ရန် မက်ဆီဒိုးနီးယားနိုင်ငံ Skopje မြို့တော်သို့သြဂုတ်လ ၇ ရက်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

Skopje မြို့ရှိ ပရိသတ် ၃၂ဝဝဝ ဆံ့ Philip II ဘောလုံးကွင်း၌ သြဂုတ်လ ၈ ရက်တွင် ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်မတိုင်မီ တစ်ရက်အလိုတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ရီယဲလ်အသင်း နည်းပြ ဇနက်တီဇီဒန်း နှင့် မန်ယူနည်းပြ မော်ရင်ဟို တို့နှစ်ဦးစလုံးက ယခုပွဲစဉ်တွင် အနိုင်ရရန် အမြင့်ဆုံး မျှော်လင့်ထားကြောင်း အသီးသီးပြောကြားခဲ့သည်။

ရီယဲလ်မက်ဒရစ် နည်းပြ ဇီဒန်းက ယူရိုစူပါကပ် ပွဲစဉ်တွင် မန်ချက်စတာယူနိုက်တက်အသင်းနှင့် ထိပ်တိုက်တွေ့ဆုံသွားရန် ရီယဲလ်အသင်းမှ နာမည်ကျော် ကစားသမား စီရော်နယ်ဒိုအနေဖြင့် အပြည့်အဝ ယုံကြည်မှု ရှိကြောင်း နှင့် ၎င်းပွဲစဉ်တွင် အနိုင်ရမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ရော်နယ်ဒို အနေဖြင့် ၎င်း၏ဒဏ်ရာ ပြဿနာကြောင့် ပါဝင်ကစားခွင့်ရမည်မဟုတ်ဆိုသော ပြောကြားချက်များကိုလည်း ဇီဒန်းက ငြင်းဆိုသွားခဲ့သည်။ လွန်ခဲ့သော ၂ လကပြုလုပ်ခဲ့သော ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရော်နယ်ဒိုသည် အနိုင်ဂိုး နှစ်ဂိုး သွင်းယူပေးခဲ့ပြီး အကောင်းဆုံးပုံစံ၌ ရှိနေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“ ရာသီသစ်ရဲ့ ပထမဆုံးပွဲစဉ်အတွက် ကျနော်တို့ပြင်ဆင်ထားပါတယ်။ ကျနော်တို့ကောင်းကောင်းအနားယူခဲ့သလို ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက အကောင်းဆုံးဖြစ်နေပါတယ်” ဟု ဇီဒန်းက ဆိုသည်။

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ မော်ရင်ဟိုက ယခုပြိုင်ပွဲအတွက် အလွန်စိတ်အားထက်သန်နေကြောင်း ပြောကြားခဲ့သည်။မော်ရင်ဟိုက သတင်းသမားများအား ပြောကြားရာတွင် Skopje မြို့သို့ကစားသမားအပြည့်အစုံဖြင့် ချီတက်လာကြောင်း နှင့် ရီယဲလ်အသင်းကို အနိုင်ရအောင် ကစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ ကျနော်တို့ကြိုးစားသွားမှာပါ။ ဒါပေမယ့် ချန်ပီယံလိဂ် ချန်ပီယံအသင်း နဲ့ယူရိုပါလိဂ်ချန်ပီယံ အသင်း နှစ်သင်းကြားမှာ ကွဲပြားခြားနားမှုက ထင်ထင်ရှားရှားရှိပါတယ်။ ယူရိုပါလိဂ်က အနိုင်ရဖို့သိပ်ခက်ခဲပါတယ်။ ဒါပေမယ့် ဖြစ်နိုင်မယ်လို့ကျနော်တို့ယုံကြည်ပါတယ်” ဟု မော်ရင်ဟို က ဆိုသည်။

ထို့ပြင် ရီယဲလ်မက်ဒရစ်အသင်း ကစားသမား ဂါရက်ဘေးလ် အားစိတ်ဝင်စားကြောင်း နှင့် ဘေးလ်၏ အပြောင်းအရွှေ့အတွက် ကမ်းလှမ်းသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.