Connect with us

Europe

စပိန်တွင် ဂျီဟက်ဝါဒီ ဟု ယူဆရသူ ၃ဦးကို ဖမ်းဆီး

စပိန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် ဂျီဟက်ဝါဒီ တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

စပိန်နိုင်ငံ ရဲတပ်ဖွဲ့ က မြို့တော် မက်ဒရစ်မြို့တွင် ဂျီဟက်ဝါဒီ ဟု ယူဆရသူ ၃ဦးကို ဇွန်လ ၂၂ ရက် က ဖမ်းဆီးခဲ့ပြီး ၎င်းတို့အနက် တစ်ဦးမှာ အလွန်အန္တရာယ်ရှိသူအဖြစ် သတ်မှတ်ထားသူ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာန က ပြောကြားခဲ့သည်။

ဖမ်းဆီးရမိခဲ့သူများအနက် Moroccan အမည်ရှိ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးသည် IS စစ်သွေးကြွအုပ်စု နှင့် ဆက်သွယ်မှု ရှိနေကြောင်း နှင့် ၎င်းသည် အလွန်အစွန်းရောက်သူတစ်ဦးဖြစ်ကြောင်း ဝန်ကြီးဋ္ဌာနကပြောကြားခဲ့သည်။

၎င်း၏ ကိုယ်ရေးအချက်အလက်များသည် ဗြိတိန် နှင့် ပြင်သစ်နိုင်ငံ တွင် အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများ နှင့် တူညီနေကြောင်း နှင့် ၎င်းအား စပိန်နိုင်ငံအတွက် အလွန်အန္တရာယ်များသူ တစ်ဦးအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

အခြား ဖမ်းဆီးထိန်းသိမ်းထားသူ နှစ်ဦးမှာ အသက် ၃၃ နှစ် နှင့် ၃၈နှစ် အသီးသီးရှိကြပြီး အဓိက တရားခံဖြစ်သူ နှင့် တစ်ခန်းတည်း အတူနေ၍ IS စစ်သွေးကြွအုပ်စု သို့ ဝင်ရောက်ရန် ၎င်းထံတွင် လေ့ကျင့်သင်ကြားနေသူများ ဖြစ်ကြောင်း သိရသည်။

အသေခံဗုံးခွဲသူတစ်ဦးဖြစ်ရန် လမ်းညွှန်ပြသထားသော စာအုပ်တစ်အုပ် အပါအဝင် အခြား ပစ္စည်းများကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တူနီးရှားနိုင်ငံ၊ ပြင်သစ်နိုင်ငံ နှင့် ဆိုမာလီနိုင်ငံများတွင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ၂၀၁၅ခုနှစ် ၌ စပိန်နိုင်ငံသည် ၎င်း၏ လုံခြုံရေးသတိပေးချက်ကို အဆင့်၄ အထိ တိုးမြှင့်ခဲ့ကြောင်း သိရသည်။

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၀၄ခုနှစ် က ရထားလေးစင်းပေါ်တွင် ဗုံး ၁၀လုံးပေါက်ကွဲခဲ့၍ လူပေါင်း ၁၉၁ဦးသေဆုံးပြီး ၁,၈၀၀ကျော် ဒဏ်ရာရရှိခဲ့ပြီး ဥရောပတွင် လူအသေအပျောက်အများဆုံး အကြမ်းဖက်မှုကို ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.