Connect with us

Europe

ရော်နယ်ဒိုအနေဖြင့် အခွန်ငွေ အမေရိကန်ဒေါ်လာ ၁၆.၄ သန်း ပေးဆောင်ရန်ရှိကြောင်း စပိန် အာဏာပိုင်များပြော

ပေါ်တူဂီလက်ရွေးစင် အသင်းခေါင်းဆောင် တိုက်စစ်မှူး ရော်နယ်ဒိုအားတွေ့ ရစဉ် (ဆင်ဟွာ)

မက်ဒရစ် ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

ရီးယဲလ်မက်ဒရစ် ဘောလုံးသမား ခရစ်စတီယာနို ရော်နယ်ဒို သည် အခွန်ငွေ ယူရို ၁၄.၇ သန်း ( အမေရိကန်ဒေါ်လာ ၁၆.၄ သန်း ) ပေးဆောင်ရန်ရှိနေကြောင်း စပိန်နိုင်ငံ အခွန်ဌာန အာဏာပိုင်များက ရော်နယ်ဒို၏ အခွန်ရှောင်မှုအပေါ် ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဒေသတွင်းမီဒီယာက ဇွန် ၂၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အမည်မဖော်လိုသူ သတင်းအရင်းအမြစ်များကို ကိုးကား၍ TVE စပိန်ရုပ်သံလွှင့်ဌာန က ပြောကြားရာတွင် ဘောလုံးအကျော်အမော် ရော်နယ်ဒိုအနေဖြင့် ၎င်းငွေကြေးကို ပေးဆောင်ရန် အသင့်ရှိကြောင်း ဖော်ပြခဲ့သည်။

ရော်နယ်ဒိုသည် ၂ဝ၁၀ ပြည့်နှစ်တွင် စီးပွားရေး နယ်ပယ်၌ ၎င်း၏ ပုံရိပ်ကို စတင် အသုံးပြုရန် လုပ်ဆောင်ခဲ့ပြီး ၂ဝ၁၁ ခုနှစ် မှ ၂ဝ၁၄ ခုနှစ်အတွင်း ၎င်းပုံရိပ်အသုံးပြုခမှ ရရှိလာသော ဝင်ငွေများကို ဖုံးကွယ်ရန် ကြိုးပမ်းခဲ့ကြောင်း စွပ်စွဲခံထားရသည်။ယင်းလုပ်ရပ်အပေါ် စပိန်အစိုးရရှေ့နေများက ရော်နယ်ဒိုအား စပိန်နိုင်ငံတွင် အခွန်တိမ်းရှောင်မှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ရော်နယ်ဒိုအတွက်အကျိုးဆောင်မှုပေးနေသည့် အေဂျင်စီက ရော်နယ်ဒိုအနေဖြင့် မည်သည့်အမှားအယွင်းမျှ လုပ်ဆောင်ထားခြင်း မရှိကြောင်း ငြင်းဆိုခဲ့ပြီး ၊ ယခုစွပ်စွဲချက်မှာ အချို့ဝင်ငွေအပေါ် ကြေညာရာတွင် အင်္ဂလန်နိုင်ငံ နှင့် စပိန်နိုင်ငံတို့အကြား အဓိပ္ပါယ်ဖွင့်ဆိုရာ၌ ရှိနေသည့် ကွဲပြားခြားနားမှုကြောင့် ဖြစ်နိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.