Connect with us

Europe

တူရကီနိုင်ငံ အရေးပေါ်ကာလ သုံးလ ထပ်တိုး သတ်မှတ်ကြောင်း ဝန်ကြီးချုပ် ပြောကြား

တူရကီနိုင်ငံ သမ္မတ Recep Tayyip Erdogan အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အန်ကာရာ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အစိုးရက အရေးပေါ်ကာလ နောက်ထပ် သုံးလ တိုးမြှင့်သတ်မှတ်ရန် ပြင်ဆင်ထားကြောင်း ဝန်ကြီးချုပ် Binali Yildirim က ဇူလိုင်လ ၁၄ ရက်တွင် ပြောကြားလိုက်သည်။

တူရကီ၏ လက်ရှိအရေးပေါ်ကာလမှာ ဇူလိုင်လ ၁၉ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လာမည့် သီတင်းပတ်တွင် လွှတ်တော်မှ သက်တမ်းတိုးပေးရန် အစိုးရက တောင်းဆိုသွားမည် ဖြစ်ကြောင်း Yildirim က ဝန်ကြီးချုပ်ရုံးတွင် မီဒီယာ ကိုယ်စားလှယ်များအား ပြောကြားခဲ့သည်။

“သက်တမ်းတိုးရန်အတွက် အမျိုးသား ကောင်စီကို အဆိုပြုဖို့ ကျွန်တော်တို့ စီစဉ်ထားပါတယ်” ဟု ၎င်းက ပြောသည်။

တူရကီနိုင်ငံ၏ ထိပ်တန်း လုံခြုံရေးဘုတ်အဖွဲ့ဖြစ်သော အမျိုးသား လုံခြုံရေးကောင်စီက အဆိုပါ သက်တမ်း တိုးရန်အတွက် အကြံဉာဏ် ဆုံးဖြတ်ချက်အား တွန်းအားပေးမည့် အစည်းအဝေးအား ဇူလိုင်လ ၁၇ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း ပုဂ္ဂလိက တီဗီ ရုပ်သံလိုင်း NTV က သတင်းတင်ပြထားသည်။

အရေးပေါ်ကာလ သက်တမ်းတိုးမည့် ဆုံးဖြတ်ချက်ကိုမူ ဇူလိုင်လ ၁၈ ရက်တွင် လွှတ်တော်က ချမှတ်မည် ဖြစ်ကြောင်း သိရသည်။

တူရကီ၏ အဓိက အတိုက်အခံ ရီပက်ဘလစ်ကန် ပြည်သူ့ပါတီ ဒုတိယ ခေါင်းဆောင် Bulent Tezcan က လက်ရှိ တိုင်းပြည် အာဏာရ တိုင်းပြည်ခေါင်းဆောင်များက အရေးပေါ်ကာလအောက်မှာ စွဲလမ်းနေပြီ ဖြစ်ကြောင်း ရှုတ်ချခဲ့သလို အရေးပေါ်အခြေအနေကို ရုပ်သိမ်းသင့်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သညိ။

ပြီးခဲ့သည့်နှစ်က တူရကီ အာဏာသိမ်းရန် ကြိုးပမ်းမှု ဖြစ်ပြီးနောက် ပေါ်တူဂီ အစိုးရက အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။ ဧပြီလ ၁၉ ရက်တွင် အရေးပေါ်ကာလ သုံးလ သက်တမ်းတိုးခဲ့ပြီး လာမည့် ဇူလိုင်လ ၁၉ ရက်တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.