Connect with us

Europe

စီရော်နယ်ဒို ဒုတိယမြောက်ရင်းနှှီးမြှုပ်နှံထားသည့် ဟော်တယ် ပေါ်တူဂီတွင် ဖွင့်လှစ်

ပေါ်တူဂီဘောလုံး ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒို (ဘယ်) နှင့် Pestana ဟော်တယ်အုပ်စု စီအီးအို Dionisio Pestana (ညာ) အား Pestana CR7 ဟော်တယ် တွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လစ္စဘွန်း၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

ပေါ်တူဂီဘောလုံး စတား တစ်ဦးဖြစ်သည့် ခရစ္စတီယာနို ရော်နယ်ဒိုက ရှယ်ယာ တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်သော ဒုတိယမြောက် Pestana CR7 ဟော်တယ် အား ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့၌ သြဂုတ် ၁၆ ရက်တွင် ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ Pestana CR7 ဟော်တယ် တွင် CR ဟု အမည်ပေးထားသော CR ရိုးရိုးအခန်း ၂၃ခန်း၊ CR Superior အခန်း ၅၀၊ CR Superior Corner အခန်း ၅ခန်း၊ CR Superior Rooftop အခန်း ၄ခန်း နှင့် suite CR7 တစ်ခန်း အပါအဝင် စုစုပေါင်း အခန်း ၈၂ခန်း ပါဝင်ကြောင်း သိရသည်။
ယင်းဟော်တယ်သည် Tagus မြစ်ကမ်းအနီး နာမည်ကျော် စီးပွားရေးရင်ပြင်ဘေး လစ္စဘွန်းမြို့လယ်ခေါင်တွင် တည်ရှိပြီး ဟော်တယ် ၏ ခေါင်မိုးအခန်း မှ လစ္စဘွန်းမြို့၏ လှပသည့် ရှုခင်းများကို ကြည့်ရှုနိုင်ကြောင်း သိရသည်။
Pestana CR7 ဟော်တယ်တွင် တစ်စက္ကန့်လျှင် ၁ဂစ်ဂါဘိုက်အထိ အသုံးပြုနိုင်သော ကြိုးမဲ့ အင်တာနက် စနစ်အား အခမဲ့ အသုံးပြုခွင့်ပေးထားခြင်း တို့အပါအဝင် အခြား မြင့်မားသည့် နည်းပညာများဖြင့် တည်းခိုသူများအား ကမ္ဘာ့နေရာအနှံ့သို့ အချိန်မရွေး ဆက်သွယ်နိုင်အောင် ပြုလုပ်ပေးထားကြောင်း သိရသည်။
ဟိုတယ်အခန်းတွင်း၌လည်း တည်းခိုသူများသည် ၎င်းတို့၏ မိုဘိုင်းအီလက်ထရောနစ် ပစ္စည်းများ ဖြင့် တီဗီ နှင့် အခန်း စပီကာများအား Bluetooth နည်းပညာဖြင့် ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
Madeira ကျွန်းပေါ်တွင် Pestana CR7 ဟိုတယ်အား ဇူလိုင် ၁ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး အခြား ဆက်စပ် ဟော်တယ် ၂ခုကိုလည်း နယူးယောက်မြို့နှင့် မက်ဒရစ်မြို့များ ၌ ၂၀၁၇ခုနှစ် အတွင်းဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း သိရသည်။
စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ယူရို ၇၅သန်း ရှိမည့် ဟော်တယ်အသစ်လေးလုံး သည် ပေါ်တူဂီ နိုင်ငံ၏ အကြီးဆုံး နိုင်ငံတကာဟော်တယ်လုပ်ငန်းကြီး တစ်ခုဖြစ်သည့် Pestana ဟော်တယ်အုပ်စု ၏ စုစုပေါင်း ဟော်တယ် စာရင်းတွင် ပါဝင်လာမည်ဖြစ်ပြီး ဥရောပ၊ တောင်အမေရိက နှင့် အာဖရိက တို့ရှိ နိုင်ငံနှင့် ဒေသပေါင်း ၁၅ခု တွင် ဟိုတယ်ပေါင်း ၉၀ ကျော် ပိုင်ဆိုင်လာမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.