Connect with us

Europe

မက်ဆီ ဘောလုံး လောကထဲ ပြန်လာမည်

အာဂျင်တီးနား ဘောလုံးသမား လီယွန်နယ် မက်ဆီအား တွေ့ရစဉ် (ဆင်ဟွာ)

ဗျူနို အေးရီးစ်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

ဘောလုံး အကျော်အမော် လီယွန်နယ် မက်ဆီသည် နိုင်ငံတကာ ဘောလုံးလောကက ထွက်ခွာမည့် ဆုံးဖြတ် ချက်အား ပြောင်းလဲကာ နိုင်ငံချစ်စိတ်ဖြင့် အာဂျင်တီးနား လက်ရွေးစင် အသင်းသို့ ပြန်လည်ဝင်ရောက် ကစား မည် ဖြစ်ကြောင်း သြဂုတ်လ ၁၂ ရက်က ကြေညာလိုက်သည်။

“ဘောလုံး လောကရဲ့ ပြဿနာ အများကြီးကို တွေ့ခဲ့ရတယ်၊ တခြားတစ်ခု ဖြစ်လာဖို့ ကျွန်တော် မလိုလား ပါဘူး” ဟု အာဂျင်တီးနား ဘောလုံး အသင်း အတွင်း အဖွဲ့အစည်း ပဋိပက္ခ ဖြစ်ပွားနေခြင်းအား ရည်ညွှန်းကာ အသက် ၂၉ နှစ်အရွယ် မက်ဆီက သတင်းထုတ်ပြန်ချက်၌ ပြောကြားထားသည်။
ဇွန်လက ကိုပါ အမေရိက ဖလား ဗိုလ်လုပွဲ၌ ချီလီ အသင်းနှင့် ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ယှဉ်ပြိုင်ရာတွင် မက်ဆီ၏ ပင်နယ်တီ ကန်သွင်းချက် လွဲချော်ခဲ့ သလို ၎င်းပွဲစဉ်၌ ချီလီအသင်းအား အာဂျင်တီးနား အသင်းက ၄ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ဘောလုံး လောကမှ အနားယူမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

“နောက်ဆုံး ဗိုလ်လုပွဲနေ့ပြီးတဲ့နောက် ဘောလုံးလောကက ထွက်ခွာဖို့ ကျွန်တော် အလေးအနက် စိတ်ပိုင်းဖြတ် ခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော့်နိုင်ငံနဲ့ ကျွန်တော့်ရဲ့ တီရှပ်ကို အရမ်းချစ်တယ်” ဟု မက်ဆီက ဆိုသည်။
နည်းပြချုပ် အသစ် အက်ဒ်ဂါဒို ဘောင်ဇာ၏ ဦးဆောင်မှုဖြင့် အာဂျင်တီးနား အသင်းသည် ရုရှားနိုင်ငံတွင် ပြုလုပ်မည့် ၂၀၁၈ ကမ္ဘာ့ဖလား ခြေစမ်းပွဲအတွက် စက်တင်ဘာလ ၁ ရက်တွင် ဥရုဂွေး အသင်းနှင့် လည်းကောင်း၊ စက်တင်ဘာလ ၆ ရက်တွင် ဗင်နီဇွဲလားအသင်းနှင့် လည်းကောင်း ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.