Connect with us

Europe

ရုရှားတွင် စီးပွားယှဉ်ပြိုင်မှု ဥပဒေ ချိုးဖောက်မှုဖြင့် ဂူဂဲလ်က အမေရိကန် ဒေါ်လာ ၆.၇ သန်း ဒဏ်တပ်ခံရ

ဂူဂဲလ် စာလုံးအား လက်ထိပ်ခတ်ထားကာ သရုပ်ဖော်တင်ပြထားစဉ် (ဓာတ်ပုံ- အင်တာနက်)

မော်စကို၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

ဂူဂဲလ် (Google) လုပ်ငန်းစုက စီးပွားယှဉ်ပြိုင်မှု ဥပဒေ ချိုးဖောက်မှုကြောင့် ရူဘယ် ၄၃၈ သန်း (အမေရိကန် ဒေါ်လာ ၆.၇ သန်း) ဒဏ်ရိုက်ခံရကြောင်း ရုရှားနိုင်ငံ လက်ဝါးကြီးအုပ်မှု ဆန့်ကျင်ရေး စောင့်ကြည့် အဖွဲ့က သြဂုတ်လ ၁၁ ရက်က ပြောကြားခဲ့သည်။

ဂူဂဲလ်သည် မိုဘိုင်းဖုန်း ထုတ်လုပ်သူများ အန်းဒရွိုက် (Android) စနစ်သုံးခြင်းဖြင့် ၎င်း၏ အပလီကေးရှင်း (Application) များအား မိုဘိုင်း ဖုန်းများထဲသို့ အတင်းအကျပ် ကြိုတင်ထည့်သွင်းစေခဲ့သည်ဟု ဖက်ဒရယ် လက်ဝါးကြီးအုပ်မှု ဆန့်ကျင်ရေး လုပ်ငန်း (FAS) က ပြောသည်။
ထို့ပြင် ဂူဂဲလ်က ၎င်း၏ အပလီကေးရှင်းများအား မိုဘိုင်းဖုန်းများ၏ ပင်မ စာမျက်နှာ (Home Page) ပေါ်၌ ဦးစားပေးအဆင့် နေရာတွင် ရှိနေစေရန်နှင့် အခြား ဆော့ဖ်ဝဲများ ဝင်ရောက် နှောင့်ယှက်ခြင်း မပြုနိုင်ရန် လုပ်ဆောင်ထားကြောင်း စွပ်စွဲခံထားရသည်။ ဂူဂဲလ် ဆော့ဝဲလ်များသည် အခြား Developer များ၏ အပလီကေးရှင်းများ ထည့်သွင်းခြင်းကို ကာကွယ်ထားလေ့ရှိကြောင်း သိရသည်။
နိုင်ငံစုံ ကော်ပိုရေးရှင်းများ အပါအဝင် ကုမ္ပဏီ အားလုံးသည် ၎င်းတို့၏ ထုတ်ကုန်များအား ရုရှားဖက်ဒရေးရှင်း ထံသို့ တင်သွင်းရာတွင် စီးပွားယှဉ်ပြိုင်ရေး ဥပဒေက သေချာစွာ စောင့်ကြည့်မည် ဖြစ်ကြောင်း FAS ၏ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဋ္ဌာန၊ ဋ္ဌာနမှူး ရဲလန်နာ ဇေယီဗာက သတင်း ထုတ်ပြန် ချက်၌ ပြောကြားထားသည်။
ယခုလို အမိန့် ကြေညာချက် သက်ရောက်ပြီး ရက်ပေါင်း ၆၀ အတွင်း အဆိုပါ ဒဏ်ကြေးကို ဂူဂဲလ်က ပေး ဆောင်ရမည် ဖြစ်ပြီး ကုမ္ပဏီနှင့် ဆက်စပ်သည့် ကိစ္စရပ်များအား ရုရှားက ဆွေးနွေးနေဆဲ ဖြစ်ကြောင်း သိရ သည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလတုန်းက ရုရှားနိုင်ငံတွင် ထိပ်တန်း အင်တာနက် နည်းပညာ လုပ်ငန်း တစ်ခုဖြစ်သော Yandex ၏ တိုင်ကြားချက်ရရှိခဲ့ပြီးနောက် ဈေးကွက်နေရာ လွှမ်းမိုးမှုနှင့် ပတ်သက်၍ ကုမ္ပဏီ၏ ချိုးဖောက်မှုအပေါ် FAS က သတိပေးချက် ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.