Connect with us

Europe

ဆားဘီးယားတွင် လုပ်ငန်းခွင် မတော်တဆမှုကြောင့် တရုတ် အလုပ်သမား ၃ ဦး ဒဏ်ရာရရှိ

ဆားဘီးယားနိုင်ငံ Kostolac မြို့ရှိ အပူစွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ တစ်ရုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘယ်လ်ဂရိတ်၊ ဇွန် ၃ ရက် (ဆင်ဟွာ)

ဆားဘီးယားနိုင်ငံ မြို့တော် ဘယ်လ်ဂရိတ် အရှေ့ဘက် ၉၀ ကီလိုမီတာ အကွာ Kostolac မြို့ရှိ အပူစွမ်းအင် သုံး လျှပ်စစ် ဓါတ်အားပေးစက်ရုံ တွင် ဂဟေဆော်ရာ၌ အသုံးပြုသည့် ဓါတ်ငွေ့အိုး နှစ်လုံး ဇွန်လ ၂ ရက် နေ့လည်ပိုင်းက ပေါက်ကွဲခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် China Machinery Engineering Corporation (CMEC) မှ တရုတ် အလုပ်သမား ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မတော်တဆ ပေါက်ကွဲမှု သည် CMEC က အပူစွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ တစ်ခုအား ပြန်လည် ဆောက်လုပ်နေသည့် လုပ်ငန်းခွင်တွင် အလုပ်သမားများ မီးခိုးပိုက်လိုင်းအား ဂဟေဆော်ရာမှ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဆားဘီးယား ရုပ်သံထုတ်လွှင့်ရေး RTS က ဖော်ပြခဲ့သည်။
ပေါက်ကွဲမှု နောက်တွင် မီးလောင်မှု အနည်းငယ် ဖြစ်ပွားခဲ့ကာ အလုပ်သမား နှစ်ဦးတွင် အသေးစား အပေါ်ယံ အရေပြား လောင်ကျွမ်းမှု ဒဏ်ရာများရရှိခဲ့၍ Pozarevac မြို့အနီးရှိ ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း နှင့် ကျန် ဒဏ်ရာရရှိသူ တစ်ဦးမှာ မီးလောင်ဒဏ်ရာ များပြားသောကြောင့် ဘယ်လ်ဂရိတ် မြို့ရှိ အရေပြား လောင်ကျွမ်းမှု ဆိုင်ရာ ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
မီးလောင်မှု အား နယ်မြေခံ မီးသတ်တပ်ဖွဲ့က ငြိမ်းသတ်ပေးခဲ့ပြီး ၈ ယောက်ထက် မနည်းသော အလုပ်သမားများ ကိုလည်း အခင်း ဖြစ်ပွားရာမှ အန္တရာယ်ကင်းစွာ ကယ်ထုတ်ပေးနိုင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.