Connect with us

Europe

ဘယ်လ်ဂျီယံ နိုင်ငံတွင် ရထားတိုက်မှု ဖြစ်ပွား ၃ ဦးသေဆုံးပြီး ၄ဝကျော် ဒဏ်ရာရ

ဘယ်လ်ဂျီယံနိုင်ငံ၌ ဇွန်လ ၅ ရက် ညပိုင်းက ရထားတိုက်မှု ဖြစ်ပွားပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ဘရက်ဆဲလ် ၊ ဇွန် ၆ ရက် (ဆင်ဟွာ)

ဘယ်လ်ဂျီယံ နိုင်ငံတွင် ဇွန်လ ၅ ရက် ညပိုင်းက ခရီးသည်တင် ရထားနှင့် ကုန်တင်ရထားတို့ရထားချင်း တိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၃ ဦးသေဆုံးပြီး အခြား ၄ဝ ဦး ထိခိုက်ဒဏ်ရာ ရသွားကြောင်း အာဏာပိုင်များ၏ ပြောဆိုချက်ကို ကိုးကား၍ ပြည်တွင်း သတင်းဌာနက ရေးသား ဖော်ပြသည်။

အဆိုပါ ရထားတိုက်မှုသည် Liege ပြည်နယ် Saint-Georges-sur-Meuse မြို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း Belga သတင်းဌာန ဖော်ပြချက်အရ သိရသည်။ ကနဦး သတင်း ထုတ်ပြန်ချက်ကို အခြေခံပြီး ရထားတိုက်မှု ဖြစ်စဉ်တွင် လူ ၃ ဦးသေဆုံးပြီး ၊ အခြား ၄ဝ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း Saint-Georges-sur-Meuse မြို့တော်ဝန် Francis Dejon က ပြောသည်။
ရထားတိုက်မှုသည် ဒေသစံတော်ချိန် ည ၁၁ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း နှင့် ၎င်းသည် အလွန်ဆိုးဝါး ပြင်းထန်သည့် မတော်တဆမှု ဖြစ်ကြောင်း Belga သတင်း အေဂျင်စီတွင် ဖော်ပြထားသည်။
ရထားတိုက်မှုကြောင့် ခရီးသည်တင် ရထားတွဲ ၂ တွဲ ပျက်စီးသွားပြီး အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများကို ညသန်းခေါင်ယံ တိုင်အောင် လျင်လျင်မြန်မြန် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းဌာနက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.