Connect with us

Europe

တူရကီနိုင်ငံ အနောက်ပိုင်း ရှိ စာသင်ကျောင်းတွင် ဓါတ်ငွေ့ပေါက်ကွဲမှုကြောင့် လူ ၁ဦးသေ၊ ၄ဦး ဒဏ်ရာရရှိ

တူရကီနိုင်ငံရှိ ဓါတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားရာ စာသင်ကျောင်းသို့ ကယ်ဆယ်ရေးဝန်ထမ်းများ ရောက်ရှိလာစဉ် (ဓါတ်ပုံ-အင်တာနက်)

အစ္စတန်ဘူလ်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အနောက်ပိုင်း Izmir မြို့ ရှိ အထက်တန်းကျောင်းတစ်ခုတွင် ဖေဖော်ဝါရီ ၆ရက်က သဘာဝဓါတ်ငွေ့ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး အခြားလူ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း တူရကီ သတင်းဋ္ဌာနတစ်ခုက ဖော်ပြခဲ့သည်။

CNNTurk သတင်းဋ္ဌာန၏ဖော်ပြချက်အရ Gaziemir ခရိုင် ရှိ စာသင်ကျောင်း တွင် ကလေးများ စာသင်ကြားနေစဉ်အတွင်း ကျောင်း၏ ဘွိုင်လာခန်း ၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးသတ်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ နှင့် အရေးပေါ်လူနာတင်ကားများ ရောက်ရှိလာကာ ကျောင်းသားအားလုံးကို အဆောက်အအုံအတွင်းမှ ကယ်ထုတ်ခဲ့ကြောင်း သတင်း၌ပါရှိသည်။

သေဆုံးသူ နှင့် ထိခိုက်ဒဏ်ရာရရှိသူများ၏ ကိုယ်ရေးအချက်လက်များကို ချက်ချင်းသိရှိခြင်းမရှိသေးဘဲ ရဲတပ်ဖွဲ့၏ ကနဦး အစီရင်ခံစာများအရ ပေါက်ကွဲမှုသည် ဓါတ်ငွေ့များ ပိတ်မိနေရာမှ စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.