Connect with us

Europe

ဆီးရီးယားရှိ လေတပ်စခန်းအား ပြီးပြည့်စုံသည့် စစ်အခြေစိုက်စခန်း အဖြစ် ရုရှား ပြောင်းလဲ

ဆီးရီးယားနိုင်ငံ Hmeymim ရုရှားလေတပ်အခြေစိုက်စခန်း ရှိ လေယာဉ်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မော်စကို၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

ရှရှားနိုင်ငံသည် ဆီးရီးယားနိုင်ငံ ရှိ Hmeymim ရုရှားလေတပ်အခြေစိုက်စခန်းအား ပြီးပြည့်စုံသည့် စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပြောင်းလဲကာ လေတပ်အင်အား ၏ အမြဲတမ်း တပ်ဖွဲ့များအား ထားရှိသွားမည် ဖြစ်ကြောင်း ရုရှားတာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

Hmeymim စစ်အခြေစိုက်ပြောင်းလဲခြင်း နှင့် ပတ်သက်၍ တရားဝင် သဘောတူညီချက်များရရှိပြီးပါက ၎င်းစစ်အခြေစိုက်စခန်း သည် သင့်လျော်သည့် အခြေခံအဆောက်အအုံများ နှင့် ရုရှားလက်နက်ကိုင်တပ်ဖွဲ့ များ၏ ပြီးပြည့်စုံသည့် စစ်အခြေစိုက်စခန်းတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ကာကွယ်ရေးနှင့် လုံခြုံရေး ကော်မတီ ဆိုင်ရာ ရုရှား ဖယ်ဒရေးရှင်း ကောင်စီ ပထမ-ဒုတိယ အကြီးအကဲ Frants Klintsevich ၏ ပြောကြားချက်ကို ကိုးကား၍ ရှရှား သတင်းစာ Izvestia က ၎င်း၏ အင်တာနက် စာမျက်နှာတွင် သြဂုတ်၁၁ ရက်က ဖော်ပြခဲ့သည်။
ရုရှားအနေဖြင့် တစ်စုံတစ်ခုသော အရေးယူဆောင်ရွက်မှု မပြုလုပ်ပါက အကြမ်းဖက်ဝါဒ သည် ရုရှားနိုင်ငံအား ခြိမ်းခြောက်လာမည်ကို နားလည်ပါကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။
Klintsevich က အနောက်နိုင်ငံများသည် ရုရှားနိုင်ငံ နှင့် ချိတ်ဆက်၍ လှုပ်ရှားမှုများ ပြုလုပ်ရန် သဘောမတူခဲ့ပါက ရုရှားနိုင်ငံသည် ဆီးရီးယားနိုင်ငံ၊ အီရန်နိုင်ငံ၊ အီရတ်နိုင်ငံ တို့နှင့် ဆက်ဆံရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တာဝန်ရှိသူက ဆီးရီးယားအား ရုရှား၏ အထောက်အပံ့သည် ယုံကြည်မှုနှင့် မျှော်လင့်ချက်များ အကြီးအကျယ် ပျောက်ဆုံးနေသည့် ဆီးရီးယား လက်နက်ကိုင်တပ်ဖွဲ့အား တိုက်ခိုက်ရေးစွမ်းရည်များ ပြန်လည် ဖြည့်ဆည်းနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ စစ်အခြေစိုက်စခန်းအတွင်း မဟာဗျူဟာမြောက်သည့် ဗုံးကြဲလေယာဉ်များ နှင့် နျူကလီးယား လက်နက်များအား ထားရှိသွားမည်မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ထိုသို့ထားရှိခြင်းသည် ရုရှားနိုင်ငံ၏ နိုင်ငံတကာဆောင်ရွက်ချက်များ နှင့် ကိုက်ညီခြင်းမရှိသောကြောင့်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.