Connect with us

Europe

အကြမ်းဖက်သမားဟု သံသယရှိသူ တစ်ဦးအား ကနေဒါရဲတပ်ဖွဲ့ ဖမ်းဆီး

ကနေဒါတော်ဝင်လက်နက်ကိုင် ရဲတပ်ဖွဲ့ (RCMP) အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကနေဒါ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

ကနေဒါရဲတပ်ဖွဲ့သည် အကြမ်းဖက် တိုက်ခိုက်မှု တစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးချက်ရရှိပြီးနောက် သံသယရှိသူ တစ်ဦးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း သြဂုတ် ၁၀ ရက်က ကြေညာခဲ့သည်။

ကနေဒါတော်ဝင်လက်နက်ကိုင် ရဲတပ်ဖွဲ့ (RCMP) က သြဂုတ်လ ၁၀ ရက် အစောပိုင်းတွင် အကြမ်းဖက် တိုက်ခိုက်မှု တစ်ခု နှင့် ပတ်သက်၍ သတင်းရရှိခဲ့ကြောင်း၊ တရားခံ မည်သူ ဖြစ်သည်ကို ခွဲခြားသတ်မှတ်နိုင်ခဲ့ပြီး အများပြည်သူ ဘေးကင်းလုံခြုံရေးအတွက် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တစ်ခု ၌ ပြောကြားခဲ့သည်။
လူသေဆုံးမှု အများအပြားဖြစ်ပေါ်စေရန် ရည်ရွယ်ချက် ဖြင့် သံသယရှိသူသည် လူစည်ကားရာအရပ်များတွင် အသေခံဗုံးခွဲရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း ပြည်တွင်း မီဒီယာများက ဖော်ပြခဲ့သည်။
ရဲတပ်ဖွဲ့က ရရှိခဲ့သည့် သတင်းအချက်အလက်များထဲ၌ ခေါင်းစွပ် စွပ်ထားသည့် လူတစ်ယောက် ၏ ဓါတ်ပုံ တစ်ပုံ ပါရှိသော်လည်း RCMP မှ ဖမ်းဆီးထိန်းသိမ်းထားသည့် သံသယရှိသူသည် ယင်းဓါတ်ပုံထဲမှ လူ ဟုတ်၊မဟုတ် မသေချာကြောင်းသိရသည်။
RCMP က ယင်းအမှုတွင် ကွယ်ဝှက်နေသည့် ဖြစ်ရပ်များ ရှိနေပြီး စုံစမ်းစစ်ဆေးမှုများအား ဆက်လက် ဆောင်ရွက်လျက်ရှိကာ ယခုအချိန်၌ မှတ်ချက်ထပ်မံပေးရန် မဖြစ်နိုင်သေးကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် RCMP က ကနေဒါနိုင်ငံသားများအား နိုးနိုးကြားကြား သတိရှိနေကြရန် နှင့် မသင်္ကာစရာ အပြုအမူမျိုးတွေ့ရှိပါက ၎င်းတို့နှင့် နီးစပ်ရာ ရဲစခန်းသို့ ချက်ချင်းအကြောင်းကြားရန် တိုက်တွန်းထားကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.