Connect with us

Europe

တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ ဥရောပသို့ ရောက်ရှိ

တရုတ် နိုင်ငံ စီချွမ်းပြည်နယ်၌ အလုပ်ရုံတစ်ခုတွင် နှာခေါင်းစည်းများ ထုတ်လုပ်နေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ဘရပ်ဆဲလ် ၊ မတ် ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ ပေးပို့သော ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ တစ်သုတ်သည် အီတလီ နှင့် စပိန် နိုင်ငံများသို့ ပို့ဆောင်သွားရန် ဥရောပသို့ ရောက်ရှိသွားခဲ့ပြီဖြစ်ကြောင်း  တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်၏ ပြောကြားချက် အရ သိရသည်။

ဟွာချွမ်းရင်က ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ တစ်သုတ်သည် ဘယ်လ်ဂျီယံနိုင်ငံသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ကြောင်း ၊ နှာခေါင်းစည်း ၁ ဒသမ ၈ သန်း နှင့် စမ်းသပ်ပစ္စည်း အခုရေ ၁ သိန်း ပါဝင်ကြောင်း ၊ ယင်းထောက်ပံ့ရေး ပစ္စည်းများအား အီတလီ ၊ စပိန် နိုင်ငံများ နှင့် ရောဂါတိုက်ဖျက်ရေး ရှေ့တန်း၌ လုပ်ဆောင်နေသည့် နေရာများသို့ ပို့ဆောင်သွားမည် ဖြစ်ကြောင်း ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသား ဖော်ပြခဲ့သည်။ (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117