Connect with us

Europe

၂ဝ၁၇ ခုနှစ် မေလအထိ အရေးပေါ်ကာလသက်တမ်းတိုးရန် ပြင်သစ်သမ္မတအလိုရှိနေ

ပြင်သစ်နိုင်ငံသမ္မတ ဖရန်ကွိုက်စ်ဟိုလန်အားတွေ့ ရစဉ်(ဆင်ဟွာ)

ပါရီ ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံသမ္မတ ဖရန်ကွိုက်စ်ဟိုလန်က ပြင်သစ်သမ္မတရွေးကောက်ပွဲကျင်းပမည့် ၂ဝ၁၇ ခုနှစ် ဧပြီ-မေလ အထိ နိုင်ငံ၏ အရေးပေါ်အခြေအနေကို သက်တမ်းတိုးရန် ဆန္ဒရှိနေကြောင်း နိုဝင်ဘာလ ၁၅ရက်က မော်ရိုကိုနိုင်ငံ Marrakech မြို့တွင် ကျင်းပနေသည့် COP22 ဆွေးနွေးပွဲတက်ရောက်စဉ် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းပြောကြားလိုက်သည်။

ပြင်သစ်နိုင်ငံသည် အကြမ်းဖက်မှုအန္တရာယ်ဖြင့် ရင်ဆိုင်နေရကြောင်း သမ္မတဟိုလန်က ပြောကြားခဲ့ပြီး “ ကျွန်တော်တို့ကတော့ ခြွင်းချက်အနေနဲ့ဖြစ်နိုင်သမျှ စောင့်ကြည့်သွားရမှာပါပဲ။ သမ္မတရွေးကောက်ပွဲကျင်းပမယ့် ရက်သတ္တပတ်တွေအထိ နိုင်ငံရဲ့ အရေးပေါ်အခြေအနေကို ကာလသက်တမ်းတိုးဖို့အစိုးရအဖွဲ့က ကျွန်တော့်ကို အဆိုပြုထားပါတယ်။ အဲဒီ အဆိုပြုချက်ကို ပါလီမန်ဆီ တင်သွင်းသွားမှာပါ” ဟု ဟိုလန်၏ ပြောကြားချက်ကို ကိုးကား၍ ပြင်သစ်သတင်းစာ Le Parisien က ၎င်းတို့၏ အင်တာနက်စာမျက်နှာဖော်တွင် ဖော်ပြထားသည်။

နိုဝင်ဘာလ ၁၅ ရက် နံနက်အစောပိုင်းက ပြင်သစ်နိုင်ငံဝန်ကြီးချုပ် Manuel Valls သည် ပြင်သစ်ပါလီမန်၌ နိုင်ငံ၏အရေးပေါ်အခြေအနေကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ တွင် ပုံမှန်အခြေအနေဖြစ်လာသည်အထိ သက်တမ်းတိုးပေးရန် တောင်းဆိုမှုပြုလုပ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ပြင်သစ်နိုင်ငံတွင် အရေးပေါ်အခြေအနေကြေညာထားသည့်အတွက် လူတစ်ဦးကို တစ်နာရီကြာဖမ်းဆီးချုပ်နှောင်ထားခွင့် နှင့် ဖြစ်နိုင်သမျှနည်းလမ်းဖြင့် ရှာဖွေခွင့်ပြုထားကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.