Connect with us

Europe

ရုရှားထုတ် S-400 လေကြောင်းရန် ကာကွယ်ရေးစနစ် ဝယ်ယူခြင်းကြောင့် တူရကီနိုင်ငံအပေါ် အမေရိကန်က အရေးယူပိတ်ဆို့မှုများဆောင်ရွက်

ဆီးရီးယား နိုင်ငံတွင် ဖြန့်ကျက်ချထားသော ရုရှားနိုင်ငံထုတ် S-400 လေကြောင်းကာကွယ်ရေးစနစ် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဘာသာပြန် / စိုးမိုး

တူရကီနိုင်ငံက ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်များ ဝယ်ယူခဲ့ခြင်းကြောင့် အမေရိကန်နိုင်ငံက တူရကီအပေါ် အရေးယူပိတ်ဆို့မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Mike Pompeo ၏ ဒီဇင်ဘာ ၁၄ ရက်၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်ခုတွင် ရုရှား နိုင်ငံထံမှ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ် ဝယ်ယူရာတွင် တာဝန်ရှိသည့် တူရကီ နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ၏ စက်မှုလုပ်ငန်းဌာန အပေါ် အမေရိကန်နိုင်ငံက အရေးယူပိတ်ဆို့မှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ယင်းပိတ်ဆို့မှုများတွင် တူရကီ နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ၏ စက်မှုလုပ်ငန်းဌာန သို့ အမေရိကန်နိုင်ငံ ကုန်ပစ္စည်များရောင်းချခြင်း ၊ နည်းပညာရောင်းချခြင်း နှင့် သုံးစွဲရန်ခွင့်ပြုချက် စသည်တို့ကို ခွင့်ပြုတော့မည်မဟုတ်ဘဲ ပိတ်ပင်သွားမည်ဖြစ်ပြီး ယင်းဌာန၏ ဌာနမှူးအပါအဝင် သက်ဆိုင်ရာ အရာရှိများ၏ အမေရိကန်နိုင်ငံရှိ ပိုင်ဆိုင်မှုများကို ချိတ်ပိတ်ခြင်း နှင့် ဗီဇာကန့်သတ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပါဝင်သည်။

ထို့ပြင် ယခုအကြိမ်အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ၏ ထုတ်ပြန်ချက်တွင် မည်သည့် နိုင်ငံကမျှ ရုရှားနိုင်ငံ ကာကွယ်ရေး နှင့် သတင်းအချက်အလက်ဝန်ကြီးဌာန တို့နှင့် အကြီးစား ရောင်းဝယ်မှုပြုလုပ်ခြင်းကို အမေရိကန်က ခွင့်ပြုမည်မဟုတ်ကြောင်းဖော်ပြထားသည်။

တူရကီနိုင်ငံသတင်းမီဒီယာများ၏ ဖော်ပြချက်အရ တူရကီနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ဒီဇင်ဘာ ၁၄ ရက်၌ အမေရိကန်နိုင်ငံ ၏ တူရကီနိုင်ငံအပေါ် တစ်ဖက်ဘက်အရေးယူပိတ်ဆို့မှုဆောင်ရွက်ခြင်း အပေါ် ပြစ်တင်ဝေဖန် ခဲ့ပြီး အမေရိကန်နိုင်ငံ ၏ ဆောင်ရွက်မှုသည် နှစ်နိုင်ငံဆက်ဆံရေး ကို ထိခိုက်စေမည်ဖြစ်ကြောင်း နှင့် တူရကီ နိုင်ငံအနေဖြင့်လည်း တန်းတူ တုံ့ပြန်ဆောင်ရွက်မှုများ ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

အမေရိကန်နိုင်ငံ နှင့် တူရကီ နိုင်ငံ တို့သည် လတ်တလောနှစ်ပိုင်းအတွင်း ဆီးရီးယား နှင့် အရှေ့မြေထဲပင်လယ်အရေးကိစ္စများတွင် သဘောထားကွဲလွဲမှုများ အဆက်မပြတ်ဖြစ်ပွားခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး က ယခင်လက တူရကီနိုင်ငံသို့ သွားရောက်လည်ပတ်ရာတွင် တူရကီ နိုင်ငံ အရာရှိများနှင့် တွေ့ဆုံမှုပြုလုပ်ခဲ့ခြင်းမရှိကြောင်း ၊ ယခုအကြိမ် အမေရိကန် နိုင်ငံ၏ အရေးယူပိတ်ဆို့မှုသည် နှစ်နိုင်ငံ ၏ နေတိုးတွင်ရှိနေသော မဟာမိတ် ဆက်ဆံရေး ကို ပိုမိုတင်းမားလာစေမည်ဖြစ်ကြောင်း အကဲခတ်များက ဝေဖန်သုံးသပ်ခဲ့ကြသည်။

တူရကီနိုင်ငံသည် ၂၀၁၇ ခုနှစ်တွင် ရုရှားနိုင်ငံထံမှ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ဝယ်ယူရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး အမေရိကန်နိုင်ငံအပါအဝင် နေတိုးအဖွဲ့ဝင် နိုင်ငံများက တူရကီ နိုင်ငံအား ယင်းဝယ်ယူမှုမပြုလုပ်ရန် သတိပေးခဲ့ကြကြောင်း ၊ အမေရိကန်နိုင်ငံက ယင်းလေကြောင်းကာကွယ်ရေးစနစ်သည် နေတိုးတပ်ဖွဲ့ ၏ လက်နက်စနစ် နှင့် အတူတကွ ထားရှိ၍ မရနိုင်ကြောင်း နှင့် ရုရှားနိုင်ငံ မှ အမေရိကန်နိုင်ငံအပါအဝင် မဟာမိတ်အဖွဲ့ဝင် နိုင်ငံများ၏ F-35 တိုက်လေယာဉ် အပေါ် ခြေရာခံရန်အတွက် အထောက်အကူဖြစ်စေကြောင်း တူရကီနိုင်ငံအပေါ် သတိပေးပြောကြားခဲ့သည်။

ရုရှားနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် တူရကီ နိုင်ငံ အား S-400 လေကြောင်းရန် ကာကွယ်ရေးစနစ် စတင်ပေးအပ်ခဲ့ပြီးနောက်တွင် အမေရိကန်နိုင်ငံ က တူရကီနိုင်ငံ အား F-35 တိုက်လေယာဉ် စီမံကိန်းတွင်ပါဝင်နိုင်သည့် အခွင့်အရေးကို ရပ်ဆိုင်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ တူရကီနိုင်ငံ သမ္မတ က ယခုနှစ် အောက်တိုဘာလတွင် တူရကီက S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်အား စမ်းသပ်မှု ပြုလုပ်ခဲ့ကြောင်း အတည်ပြုပြောကြားခဲ့ပြီး တူရကီ နိုင်ငံအနေဖြင့် ယင်းကိစ္စရပ်ကိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကာ အမေရိကန်နိုင်ငံ ၏ ခွင့်ပြုချက်ကို တောင်းဆိုသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)

(国际)美国就土耳其购买俄制S-400防空系统对土实施制裁

  新华社华盛顿12月14日电(记者刘品然)美国政府14日以土耳其购买俄制S-400防空系统为由宣布对土实施制裁。
  美国国务卿蓬佩奥当天在一份声明中说,美国对负责采购S-400系统相关的土耳其国防工业局实施制裁。具体措施包括禁止向土国防工业局发放美国产品、技术的出口许可和授权,对该局局长伊斯梅尔•德米尔等数名官员实施财产冻结和签证限制等。
  声明称,此次制裁表明,美国不容许别国与俄罗斯国防和情报部门展开大规模交易。

  另据土耳其媒体报道,土外交部14日谴责并拒绝美国对土耳其实施单边制裁,认为美方制裁将损害双边关系,土方将采取对等制裁手段。

  美土两国近来在叙利亚和东地中海等问题上龃龉不断,蓬佩奥上月访问土耳其时未与土方高官见面。分析人士认为此次制裁将使这两个北约盟友的关系进一步紧张。

  土耳其2017年与俄罗斯签订购买S-400防空导弹系统的合同。美国等北约国家多次警告土耳其不要购买这一俄制系统,认为该系统无法与北约武器系统兼容,且可能有助于俄方今后定位及追踪美国及其盟国的F-35战机。

俄方于2019年7月开始向土方交付S-400系统,美方随后宣布停止土方参与F-35战机项目的资格。土耳其总统埃尔多安今年10月证实土方已对S-400系统进行测试,并表示测试仍将继续,土方不会为此去征求美方的允许。(参与记者:施洋)(完)

Photo
  部署在叙利亚拉塔基亚省空军基地的俄罗斯S-400防空导弹系统。(新华社记者张继业摄)