Connect with us

Europe

တူရကီ နိုင်ငံ အနောက်မြောက်ပိုင်းတွင် ၃ ရက်အတွင်း ငလျင်အကြိမ် ၅၀၀ ခန့်လှုပ်ခတ်

၂၀၁၁ ခုနှစ် အောက်တိုဘာ လတွင် တူရကီ နိုင်ငံ၌ ဖြစ်ပွား ခဲ့သည့် ငလျင် အပြီး မြင်ကွင်း(ဆင်ဟွာ)

အစ္စတန်ဘူလ် ၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံ အနောက်မြောက်ပိုင်း ရှိ Çanakkale ပြည်နယ်တွင် ပြီးခဲ့သည့် ၃ ရက်သာ ကာလ အတွင်း ငလျင် အကြိမ်ပေါင်း ၄၉၇ ကြိမ်ဖြစ်ပွား ခဲ့ပြီး အကြီးစား သေဆုံးဒဏ်ရာ ရရှိမှု မဖြစ်ပွား ခဲ့ကြောင်း ဖေဖောဝါရလ ၈ ရသိရှိခဲ့ရသည်။

တူရကီ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ ပထမ အကြိမ် ငလျင် စတင် ဖြစ်ပွားချိန်သည် ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက်ပိုင်းတွင် စတင်ခဲ့ပြီး အမြင့်ဆုံး တုန်ခါခဲ့သည့် ငလျင် မှာ ၅.၃ အဆင့်ရှိကြောင်း ဖော်ပြခဲ့သည်။ Çanakkale ပြည်နယ်မှူး ရုံးခန်း မှ ထို့နေ့က ဖြစ်ပွား ခဲ့သည့် ငလျင်ကြောင့် ၈ ဦး အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

သတင်း ဖော်ပြချက်များအရ ထိုနောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ငလျင်များကြောင့် နေအိမ်ပေါင်း ၃၀၀ ကျော် ပျက်ဆီး ခဲ့ကြပြီး ဒေသတွင်းရှိ ပြည်သူများမှ ကယ်ဆယ်ရေး စခန်းတွင် ယာယီတဲများဖြင့်နေထိုင်နေရကြောင်း ၊ ဖေဖော်ဝါရီ ၈ ရက်နေ့အထိ ငလျင်များ ဆက်လက် ဖြစ်ပွားနေသောကြောင့် ကယ်ဆယ်ရေး စခန်းတွင် ဒုက္ခ သည်များအား ကွန်တိန်နာများဖြင့် ယာယီ တည်းခိုရန် ဆောင်ရွက်ကာ အအေးဒဏ် ခံရမှု သက်သာစေရန် ဆောင်ရွက်ထားကြောင်း ဖော်ပြခဲ့ကြသည်။

တူရကီ နိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် မြို့ပြဖော်ဆောင်ရေး ဌာန ဝန်ကြီး ကလည်း တူရကီ နိုင်ငံ ၏ ဧရိယာ ၄၂ ရာခိုင်နှုန်းခန့်သည့် ငလျင်များ မကြာခဏ ဖြစ်ပွားရာ နေရာတွင် တည်ရှိနေပြီး အဆောက်အဦး တည်ဆောက်ရာတွင် ဖောင်ဒေရှင်းပိုင်း ပိုမိုခိုင်မာအောင် တည်ဆောက်ရမည် ဖြစ်ကြောင်း ကို ဖေဖော်ဝါရီ ၈ ရက်နေ့က သတိပေး ပြောကြား ခဲ့သည်။

တူရကီ နိုင်ငံ သည် ငလျင်ကြော အပေါ်တွင် တည်ရှိနေပြီး အောက်ခံမြေသား မတည်ငြိမ်မှုကြောင့် ငလျင် မကြာခဏ ဖြစ်ပွားလေ့ရှိသည်။၂၀၁၁ ခုနှစ် အောက်တိုဘာ လ တွင် တူရကီ နိုင်ငံ ၌ ၇.၂ အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့ပြီး လူပေါင်း ၆၀၅ ဦးသေဆုံး ခဲ့ရသည်။၁၉၉၉ ခုနှစ်တွင်လည်း တူရကီ နိုင်ငံ အနောက်မြောက်ပိုင်းတွင် အလွန်ကြီးမားသည့် ငလျင် နှစ်ကြိမ် ဆက်တိုက်ဖြစ်ပွား ခဲ့ပြီး လူပေါင်း ၁၈,၀၀၀ သေဆုံး ခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.