Connect with us

Europe

အီးယူမှ ဗြိတိန် ထွက်ခွာရေး အစပျိုးမှု အောက်လွှတ်တော်မှာ နောက်ဆုံးအကြိမ် မဲခွဲရာ ဗြိတိန် ဝန်ကြီးချုပ် အနိုင်ရရှိ

အမှတ် ၁၀၊ ဒေါင်းနင်းလမ်း နေအိမ်မှ ထွက်လာသည့် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ထရီစာမေအား ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

ဥရောပ သမဂ္ဂအတွင်းမှ ဗြိတိန်နိုင်ငံ ထွက်ခွာမည့် (BREXIT) လုပ်ငန်း စတင်ဆောင်ရွက်ရန် ဗြိတိန် အစိုးရအား လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းမည့် ဥပဒေကြမ်းကို အောက်လွှတ်တော်၌ ဖေဖော်ဝါရီလ ၈ ရက်ညက အပြီးသတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ အရေးပါသော အခက်အခဲကို ကျော်ဖြတ်ရန် ဝန်ကြီးချုပ် ထရီစာမေ အစိုးရက ထောက်ခံမဲ ၄၉၄ မဲ ကန့်ကွက်မဲ ၁၂၂ မဲဖြင့် အနိုင် ရရှိခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၈ ရက် ညပိုင်းက မဲခွဲဆုံးဖြတ်ခဲ့ရာတွင် ဆိုင်းငံ့မှု တချို့ ရှိခဲ့သော်လည်းပဲ ခွင့်ပြုချက် အားလုံးနီးပါး ရရှိခဲ့ကြောင်း၊ အီးယူမှ ထွက်ခွာမည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ဝန်ကြီးချုပ် မေက ရက်သတ္တပတ် အနည်းငယ်အတွင်း ဘရပ်ဆဲလ်ရှိ အီးယူ ရုံးချုပ်သို့ ဆက်လက်အကြာင်းကြားမည် ဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ မေ၏ အစိုးရက ပြီးခဲ့သည့် သီတင်းပတ်အတွင်း လွှတ်တော်သို့ တင်ပြထားခဲ့ခြင်း ဖြစ်ပြီး လွှတ်တော် အဖွဲ့ဝင်များက အချေအတင် ဆွေးနွေးမှုများစွာကို ညသန်းခေါင်ယံထိတိုင် ဆွေးနွေးခဲ့ကြရကြောင်း သိရသည်။ (Xinhua)