Connect with us

Europe

ဒိန်းမတ် နေအိမ်တွင် လူကြီး နှစ်ဦး၊ ကလေး လေးဦး သေဆုံးလျက် တွေ့ရှိ

လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် ဒိန်းမတ် ရဲတပ်ဖွဲ့များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကိုပင်ဟေဂင်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

ဒိန်းမတ်နိုင်ငံ Jutland ကျွန်းဆွယ် အလယ်ပိုင်း Ulstrup မြို့ရှိ နေအိမ်တစ်ခုတွင် ကလေး လေးဦး အပါအဝင် လူ ခြောက်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ဒေသခံ မီဒီယာ၌ ဇန်နဝါရီလ ၉ ရက်က သတင်းတင်ပြထားသည်။

အဆိုပါ သံသယဖြစ်ဖွယ် အခြေအနေ သတင်းပို့ချက်အား ဒေသစံတော်ချိန် နေ့လည်အချိန်၌ Jutland ပြည်နယ် အရှေ့ပိုင်း ရဲဋ္ဌာနက လက်ခံ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ချက်အား ကိုးကား၍ ဒိန်းမတ် သတင်း အေဂျင်စီ သတင်းဖော်ပြထားသည်။

ယင်း နေအိမ်သို့ ရဲများ ရောက်ရှိချိန်တွင် အဆိုပါ လူ ခြောက်ဦးမှာ သေဆုံးပြီး ဖြစ်ကြောင်း Ritzau သတင်းက ဖော်ပြထားသည်။

အခင်း ဖြစ်ပွားရာနေရာသို့ မှုခင်းဆိုင်ရာ ပညာရှင်များ လွှတ်ထားသလို ယင်း နေရာတစ်ဝိုက်ကို တားမြစ်နေရာ အဖြစ် သတ်မှတ်ထားကြောင်း၊ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.