Connect with us

Europe

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီဟန့်(Jeremy Hunt)တို့ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ၀မ်ရိနှင့် ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီဟန့်(Jeremy Hunt)တို့ တွေ့ဆုံစဉ်(ဆင်ဟွာ)

ဘရပ်ဆဲလ်၊ မတ် ၁၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိသည် မတ်လ ၁၈ ရက်က ဘရပ်ဆဲလ်တွင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီဟန့်(Jeremy Hunt)နှင့် ခေတ္တတွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဗြိတိန်အနေဖြင့် ဗြိတိန်-တရုတ်နှစ်နိုင်ငံ ဆက်ဆံရေး၏ အကောင်းဆုံး ခေတ်ကာလ ဖြစ်အောင် ဆက်လက်တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗြိတိန်အဆင့်မြင့်အရာရှိများက ယခင်က အကြိမ်ကြိမ် ထုတ်ဖော်ပြောကြားခဲ့ရာ လက်တွေ့တွင်လည်း အဆိုပါ ပြောကြားချက်အပေါ် အပြုသဘောဆောင် အကောင်အထည်ဖော်စေလိုကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး၏ တိုးတက်မှုကို သက်ရောက်မှုရှိစေနိုင်သည့် အရေးကိစ္စများကို စနစ်တကျကိုင်တွယ်ဆောင်ရွက်ကာ အပြန်အလှန်နားလည်မှုနှင့်ယုံကြည်မှုများကို မြှင့်တင်စေလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ဝန်ကြီး ဝမ်ရိက ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီဟန့်(Jeremy Hunt)ကလည်း ဗြိတိန်အနေဖြင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အပြုသဘောအနေဖြင့်ရှုမြင်ကြောင်း ၊နိုင်ငံတကာအရေးကိစ္စများတွင် တရုတ်နိုင်ငံ ၏အကျိုးဆောင်မှုများကို ပိုမိုမြင်တွေ့လိုကြောင်း ၊တရုတ်နိုင်ငံနှင့်အတူ မိတ်ဖက်ဆက်ဆံရေး၏ အကောင်းဆုံးခေတ်ကာလဖြစ်အောင် ထဲထဲဝင်ဝင်ကြိုးစားဆောင်ရွက်သွားလိုကြောင်း ၊ အချို့ကွဲလွဲမှုများသည် နှစ်နိုင်ငံဆက်ဆံရေး၏ တိုးတက်မှုကို အတားအဆီး မဖြစ်သင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.