Connect with us

Europe

နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်မည်

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် (ယာ) နှင့် နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန်တို့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၃၀ ရက် (ဆင်ဟွာ)

နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန် (Jacinda Ardern) သည် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်၏ ဖိတ်ကြားချက်ဖြင့် မတ်လ ၃၁ ရက်မှ ဧပြီလ ၁ ရက်အထိ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်မည် ဖြစ်ကြောင်း သိရသည်။

အာဒန်အား ၁၉၈၀ ခုနှစ် ဇူလိုင်လ ၂၆ ရက်က နယူးဇီလန်နိုင်ငံ ဟမ်မီလ်တန်မြို့တွင် မွေးဖွားခဲ့သည်။ ၎င်းသည် ၂၀၀၁ ခုနှစ်၌ Waikato တက္ကသိုလ်မှ နိုင်ငံရေးနှင့် ပြည်သူ့ဆက်ဆံရေးဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သည်။အာဒန်သည် ၂၀၀၈ ခုနှစ်တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လ၌ လေဘာပါတီ၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။ထို့နောက် ၎င်းသည် ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် နယူးဇီလန်နိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ထို့ပြင် အာဒန်သည် အမျိုးသားလုံခြုံရေးနှင့် ထောက်လှမ်းရေးဝန်ကြီး၊ အနုပညာ၊ ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်ဝန်ကြီး၊ ကလေးသူငယ် ဆင်းရဲမွဲတေမှုလျှော့ချရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117