Connect with us

Europe

နယူးယောက်မြို့၌ ယခုနှစ်ဆောင်းရာသီ၏ ပထမဆုံးဆီးနှင်းများ ကျဆင်းလာ

နယူးယောက်မြို့ ၌ ဆီးနှင်းများ ကျဆင်းနေသည်ကို ဒီဇင်ဘာ ၉ ရက်တွင် တွေ့ ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ ဒီဇင်ဘာ ၁ဝ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ယခုနှစ်ဆောင်းရာသီ၏ ပထမဆုံး ဆီးနှင်းများ ကျဆင်းခဲ့ကြောင်း နှင့် ၎င်းဆီးနှင်းများသည် ဒီဇင်ဘာ ၁ဝ ရက် နံနက်ပိုင်းအထိ ဆက်လက်ကျဆင်းနေမည်ဟု မျှော်လင့်ရကြောင်း သိရသည်။

အမေရိကန်အမျိုးသား ရာသီဥတုအဖွဲ့၏ ထုတ်ပြန်ချက်အရ နယူးယောက်မြို့၊ ဝက်ချက်စတာ(Westchester) ၊ အရှေ့မြောက် နယူးဂျာစီ နှင့် အနောက်တောင် ကွန်နက်တီကက်(Connecticut) တို့တွင် ဆီးနှင်း အများဆုံးကျဆင်းခဲ့ပြီး ခန့်မှန်းခြေ အမြင့် ၄ လက်မ မှ ၆ လက်မ အထိ ကျဆင်းခဲ့ကြောင်း ဆိုထားသည်။

ယင်းဒေသများတွင် နေထိုင်သူများအား လမ်းချော်မှု အန္တရာယ်ကို ကြိုတင်ပြင်ဆင်ထားရန် နှင့် မြင်နိုင်စွမ်းကျဆင်းမှု အခြေအနေများအတွက် ဂရုပြုကြရန် သတိပေးထားကြောင်း သိရသည်။(Xinhua)