Connect with us

Europe

နယ်သာလန်နိုင်ငံ လျှပ်စစ်ရထားပေါ် ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုအား တူရကီရှုတ်ချ

နယ်သာလန်နိုင်ငံ၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားသော လျှပ်စစ်ရထားရှေ့ ၌ လုံခြုံရေးတပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ မတ် ၁၉ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက နယ်သာလန်နိုင်ငံ Utrecht မြို့၌ ဖြစ်ပွားခဲ့သော အနည်းဆုံး လူသုံးဦး သေဆုံးခဲ့ရသည့် သေနတ်ပစ်ခတ်မှုအပေါ် မတ် ၁၈ ရက်တွင် ပြစ်တင်ရှုတ်ချလိုက်ကြောင်း သိရသည်။

ဝန်ကြီးဌာန၏ ကြေညာချက်တစ်စောင်တွင် “ နယ်သာလန်မှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုမှာ အဲဒီဖြစ်စဉ်ရဲ့နောက်ကွယ်က လှုံ့ဆော်မှု နဲ့ပူးပေါင်းကြံစည်သူတွေကို အလေးမထားဘဲ အပြင်းအထန်ရှုတ်ချပါတယ်” ဟု ဖော်ပြထားသည်။

တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်ခိုက်မှုအတွင်းသေဆုံးသွားခဲ့သူများ၏ မိသားစုဝင်များအတွက် ဝမ်းနည်းကြေကွဲကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး တူရကီနိုင်ငံအနေဖြင့် အချင်းဖြစ်ကိစ္စနှင့်ပတ်သက်၍ နယ်သာလန်နိုင်ငံအစိုးရ နှင့် ပြည်သူများနှင့်အတူ “ အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမည်” ဟု ဆိုသည်။

နယ်သာလန်နိုင်ငံမီဒီယာများ၏ဖော်ပြချက်အရ October 24 ရင်ပြင်၌ လျှပ်စစ်ရထားပေါ်တွင် သေနတ်ပစ်ခတ်ခဲ့သည့်သံသယတရားခံမှာ Gokmen Tanis ဖြစ်ကြောင်း ၊ ပစ်ခတ်မှုအတွင်း လူ ၃ ဦး သေဆုံးပြီး အခြား ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အသက် ၃၇ နှစ်အရွယ် သေနတ်သမားကို တူရကီနိုင်ငံ၌ မွေးဖွားခဲ့ကြောင်း နှင့် ၎င်းအား ရဲတပ်ဖွဲ့ဝင်များက မတ် ၁၈ ရက်တွင်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

တူရကီ နှင့် နယ်သာလန်နိုင်ငံတို့မှ အရာရှိများသည် မတ် ၁၉ ရက်တွင် တူရကီနိုင်ငံအန်ကာရာမြို့၌ တွေ့ဆုံကာ နှစ်ဖက်ဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာန၏ မတ် ၁၈ ရက် နံနက်အစောပိုင်းက ထုတ်ပြန်သော သီးခြားကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.