Connect with us

Europe

နိုင်ငံတွင်းရှိ ဗလီ အလုံး ၉ဝ ကို အထူး စောင့်ကြည့်လျက် ရှိကြောင်း ဂျာမနီ ထောက်လှမ်းရေး အကြီးအကဲ ပြော

အာဖဂန်နစ္စတန်နိုင်ငံ Mazar-e-Sharif ရှိ နာမည်ကျော် ဗလီပြာ (Blue Mosque) အား တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင် ၊ မေ ၃ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ အတွင်းရှိ အစွန်းရောက် ဗလီ ဒါဇင်ပေါင်းများစွာကို ပိတ်သိမ်းပစ် ရန် လတ်တလောတွင် စောင့်ကြည့်လျက် ရှိကြောင်း ဂျာမနီ ပြည်တွင်း ထောက်လှမ်းရေး အေဂျင်စီ (BfV) က မေလ ၂ ရက် တွင် ပြောကြား လိုက်သည်။

နိုင်ငံတွင်းရှိ အာရေဗျ ဘာသာစကား အဓိကအသုံးပြုသည့် ဗလီ အလုံးပေါင်း ၉ဝ ကို အထူး စောင့်ကြည့်လျှက် ရှိကြောင်း BFV ဥက္ကဋ္ဌ Hans-Georg Maassen က ဂျာမနီ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထောက်လှမ်းရေး အကြီးအကဲက ဗလီများနှင့် ပတ်သက်၍ မေးခွန်း ထုတ်စရာများ ရှိနေကြောင်း ၊ ပြောရမည်ဆိုပါက ဗလီနောက်ဖေးတွေ စုဝေးနေကြခြင်း ၊ ကိုယ့်ကိုယ်ကို ဘာသာရေး ခေါင်းဆောင်ဟု ကြွေးကြော် နေကြခြင်း ၊ ကိုယ့်ကိုယ်ကို မွတ်စလင် အကြီးအကဲဟု ဟစ်ကြွေးနေကြခြင်း ၊ နောက်လိုက် နောက်ပါများကို အမုန်းစကားများ ဖြန့်ဝေ နေကြခြင်း ၊ ဂျီဟတ် ဆင်နွှဲရန် ဗလီထဲတွင် လှုံ့ဆော်မှုများလည်း ပြုလုပ်နေကြသည် ဟုဆိုသည်။
အဆိုပါ ပစ်မှတ်ထား စောင့်ကြည့်နေသည့် ဗလီများသည် နောက်ကွယ်တွင် အိုင်အက်စစ် ( IS ) အကြမ်းဖက်အဖွဲ့နှင့် ချိတ်ဆက်မှုများ ရှိနေကြောင်း Maasen ကဆိုသည်။ BfV အကြီးအကဲက ၎င်းတို့ထောက်လှမ်းရေးအဖွဲ့အနေဖြင့် ဂျာမနီနိုင်ငံတွင်းရှိ မွတ်စလင်များအား စောင့်ကြည့်နေခြင်း မဟုတ်ဘဲ နိုင်ငံရေးနှင့် ဘာသာရေး အစွန်းရောက် မွတ်စလင်များကိုသာ ပစ်မှတ်ထား စောင့်ကြည့်နေခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။
ထို့ပြင် ၎င်းက “ အစွန်းရောက်တွေကို စုစုစည်းစည်း နဲ့ ဝိုင်းဝန်း တိုက်ဖျက်သွားမယ့် လူမျိုးတွေကိုပဲ ဂျာမနီနိုင်ငံက အလိုရှိတာပါ။ အဲဒီအတွက် ဂျာမနီနိုင်ငံမှာ အစွန်းမရောက်တဲ့ မွတ်စလင်တွေ လိုအပ်ပါတယ်။ နိုင်ငံရဲ့ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာလည်း အစွန်းရောက်တွေကို ဝိုင်းဝန်း တိုက်ခိုက်ပေးမယ့် လူမျိုးကိုပဲ အလိုရှိတယ်လို့ပြဌာန်း ထားတာပါ ” ဟု ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.