Connect with us

Europe

မေဒေးတွင် ပြင်သစ်အလုပ်သမား ၇ဝ,ဝဝဝ ခန့်ဆန္ဒပြ

ပြင်သစ်နိုင်ငံ ပါရီမြို့တွင် မေလ ၁ ရက်က အလုပ်သမားများ ဆန္ဒပြနေစဉ် (ဆင်ဟွာ)

ပါရီ ၊ မေ ၂ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ၏ အလုပ်သမား ပြုပြင်ပြောင်းလဲခြင်းဆိုင်ရာ ဥပဒေကို ပြန်လည် ရုပ်သိမ်းပေးရန် ပြင်သစ် အလုပ်သမား သမဂ္ဂ ( CGT ) မှ ဦးဆောင်ပြီး အလုပ်သမား ၇ဝ,ဝဝဝ ခန့်သည် နိုင်ငံအတွင်းရှိ လမ်းများ ပေါ်တွင် မေလ ၁ ရက်က ဆန္ဒပြ တောင်းဆို ခဲ့ကြသည်။

ပြင်သစ်နိုင်ငံ တစ်ဝန်းရှိ မြို့ကြီးများတွင် ဒေါသထွက်နေသော လူထောင်ပေါင်းများစွာသည် ပြင်သစ် အလုပ်သမား ဥပဒေကို ပြင်ဆင်မည့် ဥပဒေကြမ်းကို လွှတ်တော်တွင် ဆွေးနွေးပြီး ၂ ရက်အကြာ ပြင်သစ် အစိုးရက ၎င်းဥပဒေကြမ်းကို အတည်ပြုရန် လုပ်ဆောင်နေခြင်း အပေါ် ကန့်ကွက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်ကြောင်း CGT က ဆိုသည်။
အဆိုပါ ဆန္ဒပြပွဲကို ပြင်သစ် ရဲတပ်ဖွဲ့ဝင် ၁၆,ဝဝဝ မှ ၁၇,ဝဝဝ ခန့်က စောင့်ကြည့် ဝန်းရံ ခဲ့သည်။ မျက်နှာဖုံး တပ်ဆင်ထားသည့် ဆန္ဒပြသူများက ရဲတပ်ဖွဲ့ဝင်များအား ပစ္စည်းများဖြင့် ပစ်ပေါက်ခဲ့ခြင်းကြောင့် ရဲ နှင့် ဆန္ဒပြသူများ ကြားတွင် အဓိကရုဏ်းများ ဖြစ်ပွားခဲ့ရာ ဆန္ဒပြသူများက “ လူတိုင်း ရဲတပ်ဖွဲ့ကို မုန်းတယ်” ဟု သံပြိုင် အော်ဟစ်ခဲ့ကြသည်။ ထို့နောက် ပြင်သစ် ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ နှင့် မူးမေ့စေသည့် ဓာတ်ငွေ့များ ပစ်လွှတ်၍ ဆန္ဒပြသူများအား လူစု ခွဲခဲ့ရကြောင်း သိရသည်။
၂ဝ၁၅ ခုနှစ် မတ်လတွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ပြုလုပ်ခဲ့သော အလုပ်သမား အခွင့်အရေး တောင်းဆိုပွဲတွင် လူပေါင်း ၁၂,ဝဝဝ ခန့်ပါဝင်ခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူဦးရေ ၇၆,ဝဝဝ ပါဝင်ခဲ့ကြောင်း နှင့် ပြင်သစ်နိုင်ငံ မြို့များရှိ သမဂ္ဂအဖွဲ့ဝင် ၁၁ဝ,ဝဝဝ ဦး ပါဝင်ခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင်များ၏ မှတ်တမ်းအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.