Connect with us

Europe

နော်ဝေနိုင်ငံရှိ စာသင်ကျောင်းများတွင် ခေါင်းမြီးခြုံခြင်းကို တားမြစ်ရန် အဆိုပြု

နော်ဝေ နိုင်ငံတွင် ခေါင်းမြီးခြုံဝတ်ဆင်ထားသော မွတ်စလင်အမျိုးသမီးအချို့ အားတွေ့ ရစဉ်(ဆင်ဟွာ)

အော့စလို ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ)

နော်ဝေနိုင်ငံအစိုးရသည် နိုင်ငံအတွင်းရှိ မူကြိုကျောင်းများအားလုံး နှင့် နိုင်ငံတစ်ဝန်းလုံးရှိ ပညာရေးဌာနများဖြစ်သော စာသင်ကျောင်းများ ၊ ကောလိပ်များ နှင့် တက္ကသိုလ်များတွင် မျက်နှာကိုဖုံးကွယ်ထားသည့် ခေါင်းမြီးခြုံ ဝတ်စုံများကို တားမြစ်သွားရန် အဆိုပြုထားကြောင်း ဇွန်လ ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါ တားမြစ်ချက်သည် ကျောင်းသားများ နှင့် ဝန်ထမ်းများအားလုံးအပေါ်တွင် အကျုံးဝင်မည်ဖြစ်ကြောင်း နော်ဝေနိုင်ငံအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇွန်လ ၁၂ ရက်က ထုတ်ပြန်လိုက်သော အဆိုပြုချက်တွင် မူကြိုအဆင့်မှ တက္ကသိုလ်အဆင့်ထိ အစိုးရကျောင်း နှင့် ပုဂ္ဂလိကကျောင်းများ အားလုံးနှင့်သက်ဆိုင်ကြောင်း ၊ ထို့ပြင် ၎င်းအစီအစဉ်ကို ဒုက္ခသည်များ နှင့် အသစ်ထပ်မံရောက်ရှိလာသည့် ရွှေ့ပြောင်းအခြေချသူများကို မိတ်ဆက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ မူကြိုကျောင်းတွေ ၊ စာကျောင်းတွေ ၊ ဒါမှမဟုတ် တက္ကသိုလ်တွေအပါအဝင်ပေါ့ ။ မျက်နှာကိုဖုံးကွယ်ပြီး ချုပ်ထားတဲ့ ခေါင်းမြီးခြုံဝတ်စုံတွေ ဝတ်ဆင်ထားတာကို ကျွန်တော်တို့မလိုလားပါဘူး” နော်ဝေနိုင်ငံပညာရေး နှင့် သုတေသနဝန်ကြီးဌာန ဝန်ကြီး Torbjorn Roe Isaksen က ဆိုသည်။

“ ဒါဟာ လူတစ်ယောက်နဲ့တစ်ယောက်နဲ့ဆက်ဆံဖို့အတွက် သိပ်ကိုအခြေခံကျတဲ့အချက်ပါ။အထူးသဖြင့် မူကြိုကျောင်းတွေ နဲ့စာသင်ကျောင်းတွေမှာပေါ့” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် တားမြစ်မိန့်ကို အော့စလိုမြို့အတွင်းရှိ ကောလိပ်များ ၊ ကျောင်းများ နှင့် အနီးအနားမြို့များတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ ယခုအခါ နော်ဝေအစိုးရသည် အဆိုပါ တားမြစ်မှုကို နိုင်ငံအဆင့်လုပ်ဆောင်ရန် စည်းရုံးလှုံ့ဆော်နေသည်။

“ နော်ဝေနိုင်ငံဟာ ပွင့်လင်းမြင်သာမှုရှိတဲ့ လူမှုအသိုင်းအဝိုင်း ရှိတဲ့နိုင်ငံတစ်နိုင်ငံပါ။ လူတိုင်းလူတိုင်းဟာ တစ်ယောက်ရဲ့ မျက်နှာကို အခြားတစ်ယောက်က မြင်တွေ့ခွင့်ရှိသင့်ပါတယ်။ ကျောင်းသားတွေ နဲ့ဝန်ထမ်းတွေအတွက် ကောင်းမွန်တဲ့ တွေ့ဆုံမှုနေရာတွေ ဖြစ်စေမယ့် ပညာရေးစနစ်တစ်ခုကို ကျွန်တော်တို့လိုလားပါတယ်” ဟု ၎င်း ကဆိုသည်။

တစ်ချိန်တည်းမှာပင် နော်ဝေနိုင်ငံအစိုးရသည် မျက်နှာဖုံးအုပ်သည့် အဝတ်အစားများအနက် ပညာရေး ၊ ကျန်းမာရေး ၊ ရာသီဥတုဒဏ်ကာကွယ်ရေး သို့မဟုတ် လုံခြုံရေး အကြောင်းပြချက်များဖြင့် ခြွင်းချက်ပေးရန် အချို့ကို အဆိုပြုထားသည်။ ၎င်းတို့ထဲတွင် အကာအကွယ်ပေးရေးအသုံးအဆောင်များ နှင့် ခွဲစိတ်ခန်းသုံးမျက်နှာဖုံးများလည်း ပါဝင်သည်။ ပညာပေးကာလကို စက်တင်ဘာလ ၂ဝ ရက်အထိ နောက်ဆုံးသတ်မှတ်ထားကြောင်း နော်ဝေအစိုးရက ပြောကြားခဲ့သည်။

ခေါင်းမြီးခြုံခွင့်တားဆီးရေးအဆိုပြုချက်ကို ဥပဒေကြောင်းအရ အသိပညာပြန့်ပွားစေရန် Roe Isaken က မျှော်လင့်ထားသည်။ “ ဒါကြောင့် ပညာပေးအစီအစဉ်အတွက် အဆိုပြုချက်ကို အခုပေးပို့လိုက်တဲ့အခါမှာ ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်ပေါ်လာမယ်လို့မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.