Connect with us

Europe

S-400 လွှဲပြောင်းရေး နှင့် နည်းပညာမြင့် လက်နက်များပူးတွဲထုတ်လုပ်ရေး အတွက် ပူတင် နှင့် အာဒိုဂန် ဆွေးနွေး

ရုရှားနိုင်ငံ၏ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ဒုံးကျည်များအားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဧပြီ ၉ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင် နှင့် တူရကီနိုင်ငံသမ္မတ အာဒိုဂန် တို့သည် တူရကီနိုင်ငံသို့S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များ လွှဲပြောင်းရေး ၎င်းတို့၏ စာချုပ်ပါ သဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် နှင့် နှစ်နိုင်ငံအနေဖြင့် နည်းပညာမြင့်လက်နက်များ ပူးတွဲထုတ်လုပ်ရေးအတွက် စတင်လက်တွဲသွားရန် ဧပြီ ၈ ရက်က သဘောတူညီခဲ့ကြကြောင်း သိရသည်။

“ ကျွန်တော်တို့နှစ်နိုင်ငံဟာ စစ်ဘက်ဆိုင်ရာနည်းပညာမြင့်လက်နက်တွေကို ပူးပေါင်းဆောင်ရွက်ဖို့လုပ်စရာတွေရှိပါတယ်။ ပထမဆုံးအနေနဲ့S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ဒုံးကျည်တွေ ထောက်ပံ့ဖို့အတွက် စာချုပ်ပါသဘောတူညီချက်ကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်” ဟု သမ္မတပူတင်က တူရကီသမ္မတအာဒိုဂန်နှင့်ဆွေးနွေးပြီးနောက် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

၂ဝ၁၇ ခုနှစ်စက်တင်ဘာတွင် တူရကီသည် ရုရှားထံမှ S-400 လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်စနစ် ဝယ်ယူရန် သဘောတူညီမှုတစ်ခု လက်မှတ်ရေးထိုးခဲ့သည်။ ယင်းစနစ်သည် တာဝေးပစ် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်ဖြစ်ပြီး ဖျက်အားပြင်းဒုံးကျည်စနစ်သုံးခု ကို သယ်ဆောင်ပေးနိုင်ကြောင်း သိရသည်။ တူရကီနိုင်ငံသည် ရုရှားထံမှ S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ် ဝယ်ယူရန် ပထမဆုံးပြုလုပ်သည့် နေတိုးစစ်စာချုပ်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာပြီး ယင်းလုပ်ရပ်မှာ အမေရိကန်နှင့်ဆက်ဆံရေးကို အနုတ်လက္ခဏာသက်ရောက်မှု ဖြစ်ခဲ့ရကြောင်း သိရသည်။

တူရကီနိုင်ငံသို့ ခေတ်မီရုရှားစစ်လက်နက်များ ထောက်ပံ့မှုနှင့်ဆက်စပ်နေသော ကတိကဝတ်ပြုထားသော စီမံကိန်းများမှာ နှစ်နိုင်ငံဆွေးနွေးနေသော အကြောင်းအရာများ ဖြစ်ကြောင်း ပူတင်က ဧပြီ ၈ ရက်တွင်ပြောကြားခဲ့သည်။

“ နည်းပညာမြင့်စစ်လက်နက်တွေ တိုးတက်အောင်လုပ်ဖို့နဲ့ပူးတွဲ ထုတ်လုပ်ဖို့ကို ကျွန်တော်တို့က ကောင်းစွာ ဆောင်ရွက်မှုပြုကောင်းပြုနိုင်မှာပါ ” ဟု ၎င်းက ဆိုသည်။

တူရကီနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ S-400 စနစ်များ၏ ပထမအသုတ်ကို လာမည့် ဇူလိုင်လတွင် တူရကီနိုင်ငံသို့ပေးပို့သွားမှာဖြစ်ပြီး အောက်တိုဘာတွင် စတင်အသက်ဝင်လှုပ်ရှားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.